ကချင်ပြည်နယ်၊ဗန်းမော်မြို့လယ် က မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံး ဒီမနက်မှာ အနုကြမ်းစီးခံရပြီး မန်နေဂျာရဲ့ ဇနီးအသတ်ခံခဲ့ရတယ်လို့ ဗန်းမော်အမတ် ဦးအောင်သိန်းက ဘီဘီစီကိုအတည်ပြုပါတယ်။
Mask တပ်ထားတဲ့ လူသုံးယောက်ရုံးခန်းထဲဝင်လာကာ မန်နေဂျာကို ထိုးကြိတ်ပြီးသတိလစ်သွားတဲ့အခါ ထိုင်ခုံမှာ တိတ်တွေနဲ့ပတ်ပြီး ချုပ်ထားခဲ့တယ်လို့ ရဲကိုထွက်ချက်ပေးထားပါတယ်။ သူသတိရလာတဲ့အခါ မီးဖိုခန်းထဲက ဇနီးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ ထွက်ချက်ပေးထားတာပါ။
မန်နေဂျာကို ဆေးရုံတင်ထားရပြီး မစိုးရိမ်ရဘူး ဦးအောင်သိန်းကပြောပါတယ်။
အဲ့ဒီရုံးခန်းမှာ မိသားစု ၄ ယောက်နေထိုင်တာဖြစ်ပြီး အိမ်ပေါ်ထပ်မှာ အိပ်ပျော်နေတဲ့ ၅တန်းနဲ့ ၃တန်းအရွယ် သမီးလေးနှစ်ယောက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ မီးခံသေတ္တာထဲက ငွေကျပ် သိန်း ၂၀ လည်းယူဆောင်သွားကြတယ်လို့ ရဲကိုထွက်ချက်ပေးထားပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments:
Post a Comment