ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး လူတစ်ဦး သေဆုံး


ပွင့်ဖြူ       အောက်တိုဘာ       ၁၀

 မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၅ နာရီ ခန့်က အဆိုပါကျေးရွာနေ ဦးလှမောင် အသက်(၇၂)နှစ် (စိတ်ကျန်းမာရေးချို့ယွင်းသူ) သည်  မီးဖိုချောင်အတွင်း မီးမွှေးရာမှ အနီးရှိ ထရံအကာအား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ဦးလှမောင်မှာ‌ နေအိမ်ပြင်ပသို့ ထွက်မပြေးနိုင်ဘဲ မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရသည် ။

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် သန္ဓေ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ငြှိမ်းသတ်ရာ နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက် ၅ နာရီ ၆ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 

 အဆိုပါ မီးလောင်မှုကြောင့် (၁၂ ပေ × ၁၂ ပေ ) သက္ကယ်မိုး ၊ ထရံကာ ၊ ဝါးကြမ်းခင်း လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး  မီးလောင်မှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းက  အမှုဖွင့်အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   


 ရဲဝင်းနိုင် ( ပြန်/ဆက် )

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး လူတစ်ဦး သေဆုံး ပွင့်ဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး လူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.