ကိုဗစ် - မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ လူရာချီ ကိုဗစ်တွေ့



အင်းစိန်အကျဉ်းထောင်ရှေ့

မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူတွေ ရာနဲ့ချီတွေ့ရှိခဲ့ရတယ်လို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်းထဲက သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းသား ၁၈၀ လောက်မှာ ရောဂါပိုး တွေ့ရှိထားပြီး ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှာတော့ ၁၀၄ ဦး ပိုးတွေ့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မအူပင် အကျဉ်းထောင်မှာ ရောဂါပိုး စတင်တွေ့ရှိခဲ့တာက အောက်တိုဘာလ ၂၃ ရက်မှာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်အချုပ်သားတစ်ယောက်ဟာ အသက်ရှုကြပ်တယ်ဆိုပြီး အဆုတ်ရောင်ရောဂါနဲ့ မအူပင်ဆေးရုံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူ့ကို အောက်တိုဘာလ ၂၅ ရက်မှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသီဟအောင်က ပြောပါတယ်။

မအူပင် အကျဥ်းထောင်မှာတော့ အောက်တိုဘာလ ၂၆ ရက် နဲ့၂၇ ရက် ၂ ရက်ပေါင်း လူ ၂၅၅ ယောက်ကိုစစ်ဆေးတဲ့အခါ ၁၀၄ မှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီအကျဥ်းထောင်

သာယာဝတီအကျဥ်းထောင်က လွတ်လာသူမှာ ပိုးတွေ့လို့ ကျန်အကျဉ်းသားတွေနဲ့ သူနဲ့ထိတွေသူတွေကို စစ်ဆေးခဲ့

အလားတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်က ပြန်လွတ်လာသူတစ်ဦးကို စစ်ဆေးရာတဲ့ အခါမှာလဲ ပိုးတွေ့ရှိခဲ့တဲ့အတွက် ထောင်ထဲမှာ ရှိတဲ့အကျဉ်းသားတွေနဲ့ သူနဲ့ထိတွေသူတွေကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

အခုလိုအကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာဟာ အကျဥ်းထောင်ထဲကို ရောက်လာသူတွေက ပါလာတာဖြစ်နိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာဦးစီးဌာန အကြီးအကဲ ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

လောလောဆယ်မှာတော့ ပိုးတွေ့ရှိသူတွေ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ကို အကျဉ်းထောင်ထဲမှာ သီးခြား ထားရှိ ကုသပေးထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက သာယာဝတီအကျဉ်းထောင် အတွက် လိုအပ်တဲ့ ကျန်းမာရေး အကာအကွယ်ပစ္စည်းတွေနဲ့ အတူ ငွေ ကျပ် ၁၀ သိန်း၊ သာယာဝတီမြို့နယ်အတွက် ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေနဲ့ ငွေသား ကျပ် ၅ သိန်း တို့ကို တာဝန်ရှိသူများထံ အောက်တိုဘာလ ၂၃ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့‌တယ်လို့ လည်း ပဲခူးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း မှာ Facility Quarantine ၁၇၈ ခုရှိပြီး နိုင်ငံသား ၂၆၆၄ ဦးကို အသွားအလာ ကန့်သတ်ထားကြောင်းနဲ့ ရောဂါပိုးတွေ့ရှိသူ အောက်တိုဘာလ ၂၅ ရက် အထိ ၅၄၄ ဦး ရှိကြောင်းလည်း ပဲခူးတိုင်းအစိုးရ တရားဝင် စာရင်းတွေအရ သိရပါတယ်။

မကြာခင်မှာလည်း ဧရာဝတီတိုင်းက အကျဉ်းထောင်တွေက အကျဉ်းသားတွမှာ ရောဂါပိုး ရှိမရှိဆိုတာကို Test Kit တွေနဲ့ ဆက်လက်စစ်ဆေးသွားဖို့ရှိတယ်လို့လည်း ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ပြောဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54708623

ကိုဗစ် - မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ လူရာချီ ကိုဗစ်တွေ့  ကိုဗစ် - မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ လူရာချီ ကိုဗစ်တွေ့ Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.