ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဥ် သစ်ပင်လဲကာ ပိမိ၍ နှစ်ဦးသေဆုံး


ကန့်ဘလူ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်  လိတ္ထူကျေးရွာအုပ်စု ကိုင်းတောကျေးရွာ၏ အနောက်ဘက် တစ်ဖာလုံကျော်ခန့်အကွာ  ဘိုးတော်ကြီးစင် တောတိုက်ရှိ ဦးကျော်နိုင်၏လယ်တောတွင် အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က မိုးသက်လေပြင်းများကျရောက်စဥ် သစ်ပင်လဲကျသဖြင့် သစ်ပင်ပိမိကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း လိတ္ထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမောင်ငြိမ်းထံမှသိရသည်။

ဖြစ်စဥ်မှာ အဆိုပါနေ့က ဦးမြင့်ဆွေနှင့်ဦးဝင်းမြင့်တို့ နှစ်ဦးသည်  ယာတောတွင် ယာထွန်နေစဥ် မိုးသက်လေပြင်းများကျရောက်ခဲ့၍ ဦးကျော်နိုင်၏ ယာတောရှိ မြေစိုက်တဲအတွင်းဝင်ရောက်မိုးခိုနေစဥ် တဲ၏အရှေ့ဘက် ကပ်လျက်ရှိ လုံးပတ် (၄)ပေခန့်၊အမြင့် ပေ ၆၀ ခန့်ရှိလက်ပန်ပင်မှာ အမြစ်ပါကျွတ်ထွက်၍ တဲပေါ်သို့လဲကျခဲ့သည်။ ယင်းသို့လဲကျခဲ့မှုကြောင့် မိုးခိုနေသော ဦးမြင့်ဆွေနှင့်ဦးဝင်းမြင့်တို့နှစ်ဦးမှာ သစ်ပင်ပိ၍ ရရှိခဲ့သောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဥ် သစ်ပင်လဲကာ ပိမိ၍ နှစ်ဦးသေဆုံး ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဥ် သစ်ပင်လဲကာ ပိမိ၍ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.