နှာခေါင်းစည်းမတပ်ရင် ကိုဗစ်ကြောင့်သေဆုံးမှု အဆမတန်တိုးလာမည် သတိပေး



Share/Bookmark
နယူးယောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူအချို့။ (အောက်တိုဘာ ၉၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စုမှာ လူအားလုံး နှာခေါင်းစည်း အကာအကွယ်တွေ မတပ်ဘူးဆိုရင် နောက်နှစ် ဖေဖော်ဝါရီလရောက်တဲ့အခါ COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၀၀,၀၀၀ ကျော်သွားနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်၊ ကျန်းမာရေး တွက်ချက်ဆန်းစစ်မှုဆိုင်ရာ အင်စတီကျုရဲ့ သောကြာနေ့က ထွက်လာတဲ့ ခန့်မှန်းချက်တခုမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာရှိတဲ့ လူအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းက နှာခေါင်းစည်း အကာအကွယ်တွေ တပ်မယ်ဆိုရင်တော့ သေဆုံးသူ အရေအတွက်ဟာ ၁၃၀,၀၀၀ ထိ လျော့ကျသွားနိုင်တယ်လို့လည်း အဲဒီခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ နေ့စဉ် ရောဂါပိုးကူးစက်သူ အရေအတွက် စံချိန်တင် မြင့်တက်လာချိန်မှာပဲ အဲဒီခန့်မှန်းချက် ထွက်လာတာပါ။

သောကြာနေ့ညနေအထိဆိုရင် အမေရိကန်နိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါ နောက်ထပ်ကူးစက်သူပေါင်း ၈၂,၀၀၀ ကျော်ရှိတယ်လို့ The News York Times သတင်းဌာနက ပြောပါတယ်။ ဒါဟာဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က စံချိန်တင် ကူးစက်ခဲ့တဲ့ အရေအတွက်ထက် ၆,၀၀၀ ကျော် ပိုများပါတယ်။

လက်ရှိမှာ လူပေါင်း ၄၁,၀၀၀ လောက် အမေရိကန်မှာ ဆေးရုံတင်ထားရပြီး ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့လကထက် ၄၁ ရာခိုင်နှုန်း ပိုများလာတယ်လို့လည်း The Times သတင်းစာက ပြောပါတယ်။

အအေးဓာတ်ပိုများတဲ့ ဆောင်းဦးနဲ့ ဆောင်းတွင်းကာလတွေအတွင်း အမေရိကန်မှာ ကိုဗစ်ရောဂါကူးစက်သူ ပိုများလာမယ့်အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-covid-mask/5634044.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ