မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရ


ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရပြီး၊ လက်ရှိမှာလူနာ ၂ဦး ကို လင်းခေး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း SNLD မှ မိုင်းပန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့ပစ်တဲ့ နေရာမှာ ရွာမရှိဘူး။ တောအုပ်ပဲ ဖြစ်ပါတယ်။ အသံ ၂ ချက်ပစ်တယ်လို့တော့ လူနာ တင်လာတဲ့ ကားသမားတွေ ကနေ ဖုန်းဆက်လာပါတယ်။ ခရိုင်ထွေအုပ်ဦးစီး နဲ့ ဒုဦးစီး ၂ ယောက်စလုံး ဘယ်ဘက်ပေါင်မှာ ထိပါတယ်။ လူနာ ၂ ယောက်စလုံး လင်းခေးဆေးရုံကို သွားလိုက်ပါပြီ။” ဟု စိုင်းကျော်ခိုင် ကပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးစလုံးသည် လင်းခေးခရိုင်က အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ တဦး နှင့် ဒုဦးစီးအရာရှိဖြစ်ကြောင်း ဦးစိုင်းကျော်ခိုင် ကပြောသည်။

လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့တို့သည် မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးရွာများရှိ မဲရုံးများသွားရောက် စစ်ဆေးပြီး အပြန်ခရီးစဉ် တွင် လက်နက်ကိုင်တပ်ဖွဲ့ မှ ချောင်းမြောင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း  သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရ မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 18:37 Rating: 5

No comments:

Powered by Blogger.