မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံး ၁,၁၄၇ ဦး

PPE ဝတ်စုံဝတ်ထားတဲ့ ပရဟိတလုပ်သားများကို ရန်ကုန်မြို့တနေရာတွင်တွေ့ရ။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)


မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်ခံရသူ ၁,၄၆၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၄၇,၆၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၅,၇၉၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်သူ ၁၄၀၀ ကျော်တွေ့တာပါ။ ဒီကနေ့ သေဆုံးသူက ၂၅ ယောက်ရှိတဲ့အတွက် အခုထိ COVID-19 ကြောင့်သေဆုံးသူ စုစုပေါင်း ၁,၁၄၇ ယောက် ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲနမူနာပေါင်း ၆၃၄,၀၄၁ ခုစစ်ဆေးခဲ့ပြီး အတည်ပြုလူနာတွေထဲပြန်ပြီး ကျန်းမာလာသူက ၂၇,၃၇၃ ယောက်ရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေလည်း ပူးပေါင်းပါဝင်လာနိုင်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်း နိုင်ငံတွင်း COVID – 19 ရောဂါဖြစ်ပွါးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြည်သူတွေကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်း မှာ ပြောကြားခဲ့ပါတယ်။ အခုလို ပုဂ္ဂလိကဆေးရုံတွေမှာ COVID-19 လူနာတွေ တက်ရောက်ကုသနိုင်အောင် ဆောင်ရွက်ပေးနိုင်ရင် ပြည်သူတွေအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ ရွေးချယ်နိုင်မှာဖြစ်သလို သလို တစ်ဘက်က အစိုးရဆေးရုံတွေရဲ့ ဝန်ကိုလျှော့ချနိုင်မယ်လို့လည်း သူက ပြောပါတယ်။ ဒီအပေါ် အများပြည်သူအတွက်ရော၊ ဆေးရုံတွေအတွက်ပါ ဘေးကင်းလုံခြုံအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ပုဂ္ဂလိကဆေးခန်းတွေ၊ ဆေးရုံတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက်လည်း အကောင်းဆုံးအစီအစဉ်တွေဆောင်ရွက်ထားပြီး ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေး အကာအကွယ် ပစ္စည်းတွေကိုလည်း ပြည့်ပြည့်စုံစုံစီစဉ်ထားပြီးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပြောကြားတဲ့ မိန့်ခွန်းအတွင်း တိုက်တွန်းခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-/5637474.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံး ၁,၁၄၇ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံး ၁,၁၄၇ ဦး Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.