မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၄၀၆ ဦး ထပ်တိုးသလို သေဆုံးသူ ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၂၀၆ ခုကို စစ်ဆေးခဲ့တာမှာ အခုလို နောက်ထပ် ကူးစက်သူတွေ တွေ့ရတာပါ။
ဒါကြောင့် အခုချိန်ထိ စစ်ဆေးခဲ့ခဲ့သမ ျှ ဓာတ်ခွဲနမူနာပေါင်း ၆၄၈,၂၄၇ ခုထဲမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၉,၀၇၂ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်း ကတော့ ၁,၁၇၂ ဦးရှိပါပြီ။
ဒီကနေ့ထုတ်ပြန်ချက်အရ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၂၆၃ ဦးရှိတာကြောင့် ဆေးရုံကဆင်းသွားသူ စုစုပေါင်းက ၂၈,၆၃၆ ဦး ရှိသွားပါပြီ။
ဒီကနေ့ညစာရင်းတွေအရ ပိုးတွေ့နှုန်း ၉.၉% ၊ ပြန်ကောင်းတဲ့နှုန်း ၅၈.၄% ၊ သေဆုံးနှုန်းက ၂.၄% ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com/a/myanmar-covid-cases-close-to-fifty-thousand/5638835.html

No comments:
Post a Comment