WeChat နဲ့ TikTok App တွေ တနင်္ဂနွေညကစပြီး အမေရိကန်မှာပိတ်ပြီ



Share/Bookmark
TikTok နဲ့ WeChat လိုဂို။

တရုတ်ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းအက်ပ်တွေဖြစ်တဲ့ WeChat နဲ့ TikTok တို့ကို အမေရိကန် App Stores တွေကနေ ဒေါင်းလုပ်ချတာနဲ့ သုံးနေတာတွေကို စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ည သန်းခေါင်ယံကစပြီး ပိတ်ပစ်တော့မယ်လို့ သမ္မတ Trump အစိုးရအဖွဲ့က သောကြာနေ့မှာ ကြေညာပါတယ်။ ဒီကြေညာချက်ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား နည်းပညာပိုင်းဆိုင်ရာ နောက်ဆုံးပေါ်လာတဲ့ ထိပ်တိုက်တွေ့မှုပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာ အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ရှိပြီး လူကြိုက်များလှတဲ့ WeChat နဲ့ TikTok တို့ဟာ အမေရိကန်လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေ ရှိတာကြောင့် အခုလို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီ App နှစ်ခုလုံးကို တနင်္လာနေ့ကစပြီး App Store တွေကနေ ဖယ်ရှားသွားမှာဖြစ်လို့ ဖုန်းတွေမှာ ဒီ App တွေကို ထည့်လို့ရတော့မှာ မဟုတ်ပါဘူး။ ဖုန်းတွေထဲ ထည့်ထားပြီးသား သုံးနေသူတွေအနေနဲ့လည်း နောက်ထပ် အသစ်ထပ်ထည့်တာမျိုး လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။

အခုလို ပိတ်လိုက်တဲ့အတွက် WeChat နဲ့ TikTok အက်ပ်တွေရဲ့ နောက်ထပ်ပြုပြင်မွမ်းမံထားတာ မှန်သမျှ ထည့်လို့ရတော့မှာ မဟုတ်တာကြောင့် လက်ရှိ နည်းပညာစျေးကွက်မှာ လွှမ်းမိုးထားနိုင်ဆဲဖြစ်တဲ့ Apple နဲ့ Google နည်းပညာသုံး Smartphone တွေနဲ့ ကိုက်ညီမှုရှိတော့မှာ မဟုတ်ပါဘူး။

အမေရိကန်ထဲက လူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံတွင်းက လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ WeChat အက်ပ်ကိုသုံးပြီး နေ့စဉ် ဆက်သွယ် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

WeChat နဲ့ TikTok တို့လို လူမှုဆက်သွယ်ရေး App တွေဟာ စီးပွားရေးကြော်ငြာထည့်ဖို့ အဓိကရည်ရွယ်ပြီး နေရာဒေသတွေနဲ့ အပြန်အလှန် ရေးသားတဲ့စာတွေ အပါအဝင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-banned-tiktok-wechat/5589764.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ