ဟိုတယ်တစ်ခုတည်းမှ ၃ ရက်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းအရေအတွက် ၂၃ ဦးအထိ ရှိလာ


မန္တလေး ၂၃ စက်တင်ဘာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးမှ COVID-19 ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းအရေအတွက်သည် ၂၃ ဦးအထိ ရှိလာခဲ့သည်။

ရောဂါပိုးတွေ့ရှိထားသူများနှင့် ထိတွေ့သူ ဟိုတယ်ဝန်ထမ်း ၁၁၃ ဦးထံမှ စက်တင်ဘာ ၂၂ ရက်တွင် swab (အာခေါင်တို့ဖက်၊ နှာခေါင်းတို့ဖက်)များ ရယူခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ဟိုတယ်ဝန်ထမ်း ၁၈ ဦးရှိပြီး ယခင်ကတွေ့ရှိထားသူ ၅ ဦးနှင့် စုစုပေါင်း ၂၃ ဦးရှိကြောင်း မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

“ဟိုတယ်ပိတ်ထားပါတယ်၊ ဘယ်ကနေကူးတယ်ဆိုတာ မသိသေးဘူး။ ဝန်ထမ်းက နေမကောင်းလို့ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က ဆေးရုံကြီးသွားပြရာက ပိုးတွေ့လို့ ကျန်တဲ့သူတွေကို စစ်ဆေးလိုက်တဲ့အခါ ပိုးတွေ့တာပါ။ တည်းခိုခန်းနဲ့ အင်းနဲ့ပဲ မြို့တော်ဝန်ကြီး စီမံညွှန်ကြားချက်နဲ့ ပိတ်ထားတာပါ၊ ဟိုတယ်တွေက ညွှန်ကြားချက် မရှိသေးပါဘူး။ ကွန်တက်မှန်သမျှလိုက်တော့ ရှာခိုင်းထားတယ်” ဟု ဦးနိုင်ဝင်းက ပြောသည်။

စက်တင်ဘာ ၂၀ ရက်က ဟိုတယ်သန့်ရှင်းရေးအပိုင်းတွင် အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦး နေမကောင်းဖြစ်သောကြောင့် ဆေးရုံကြီး သွားရောက်ပြသခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဆက်စပ်ထိတွေ့သူများကို ဆက်လက်စစ်ဆေးခဲ့ရာ အခြားသူများထံ၌လည်း ရောဂါပိုး ဆက်လက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဟိုတယ်မန္တလေးမှ COVID-19 ပိုးတွေ့သူ ၂၃ ဦးသည် ခုတင် ၃၀၀ သင်ကြားရေးဆေးရုံသို့ တက်ရောက်ကုသလျက်ရှိပြီး အခြားဝန်ထမ်း ၁၀၀ ကျော်သည် အဆိုပါ ဟိုတယ်၌ Qurantine စောင့်ကြည့်စစ်ဆေးမှု ခံယူလျက်ရှိသည်။

Hotel Mandalay ဝန်းကျင်ရှိ နေရာများတွင် ဟိုတယ်ဝန်ထမ်းများ အိမ်ငှားနေထိုင်ခြင်း၊ ဝင်/ထွက်သွားလာခြင်းတို့ ရှိခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက အကူအညီတောင်းခံထားခြင်းကြောင့် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးက သိရသည်။


ဖြိုးအိ

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ဟိုတယ်တစ်ခုတည်းမှ ၃ ရက်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းအရေအတွက် ၂၃ ဦးအထိ ရှိလာ ဟိုတယ်တစ်ခုတည်းမှ ၃ ရက်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းအရေအတွက် ၂၃ ဦးအထိ ရှိလာ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.