ရန်ကုန် ၂၁ မြို့နယ်မှာ အိမ်ပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာနေကြသော ရန်ကုန်မြို့နေပြည်သူတချို့။

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၁ မြို့နယ်က ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းတတိုင်းလုံးမှာ ပိုးတွေ့လူနာ ၇၂၅ ယောက်ထိ ရောက်လာတဲ့အချိန်မှာ အခုလိုအမိန့်ထုတ်လိုက်တာပါ။

ရန်ကုန်တိုင်း ၄၅ မြို့နယ်ထဲက တောင်ဥက္ကလာ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ လမ်းမတော်နဲ့ လှည်းကူးတို့မှာ ဒီအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကတော့ ဒီအမိန့်မှာ အကျုံးဝင်မှာ မဟုတ်ဘဲ တာဝန်ထမ်းဆောင်ဖို့ ဆက်သွားလာခွင့် ဆက်ရှိပါတယ်။

ဒီအမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၈၈၉ ဦးရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၁၂ ဦး ရှိသွားပါပြီ။

ရန်ကုန်တိုင်းဟာ ရောဂါကူးစက်ခံရတဲ့သူ အများဆုံးဖြစ်ပြီး လက်ရှိမှာ ၇၂၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-home-order-in-yangon-09092020140748.html

ရန်ကုန် ၂၁ မြို့နယ်မှာ အိမ်ပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ်  ရန်ကုန် ၂၁ မြို့နယ်မှာ အိမ်ပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ် Reviewed by THITHTOOLWIN on 01:40 Rating: 5

No comments:

Powered by Blogger.