နှစ်ကုန်မှာ ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ထုတ်နိုင်မယ်လို့ ကန် ဆေးကုမ္ပဏီပြော


အမေရိကန် ဆေးကုမ္ပဏီကြီးတခု ဖြစ်တဲ့ Moderna Inc က သူတို့စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေးကို ဒီနှစ်ကုန်လောက်မှာ အလုံးပေါင်း သန်း ၂၀ ထုတ်ဖို့ လုပ်နေတယ်လို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ဆေး သန်း ၅၀၀ အသင့်ဖြစ်အောင် လုပ်ဆောင်မယ့် ရည်မှန်းချက် အတိုင်းလည်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာတလွှား လူပေါင်း တသန်းနီးပါး (၉ ၄၄ ၀၀၀) အသက်ဆုံးနေရပြီဖြစ်တဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွါးမှု လျော့ကျမယ့် လက္ခဏာမတွေ့ရသေးတဲ့ အတွက် ကာကွယ်ဆေးရဖို့ကို အဓိက လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အလားအလာရှိတဲ့ ကာကွယ်ဆေးအနည်းငယ်ထဲမှာ Pfizer Inc. နဲ့ AstraZeneca ကုမ္ပဏီတွေက ဆေးတွေလည်း ပါဝင်ပြီး သူတို့ကလည်း စမ်းသပ်စစ်ဆေးမှုတွေ အကြီးအကျယ် လုပ်နေတာပါ။

Moderna ကုမ္ပဏီက လူပေါင်း ၃ သောင်းနဲ့ လုပ်မယ့် phase 3 နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအတွက် လုပ်အားပေးပါဝင် အစမ်းသပ်ခံဖို့ လေ ျှာက်ထားသူက ဗုဒ္ဓဟူးနေ့ အထိဆို ၂ သောင်းခွဲကျော် ရှိနေပါပြီ။ ဒီကုမ္ပဏီက ကာကွယ်ဆေးကို အမေရိကန်ပြင်ပမှာ ရှိတဲ့ Switzerland က Lonza Group AG နဲ့ စပိန်က Laboratorios Farmacéuticos Rovi ဓါတ်ခွဲခန်းတွေနဲ့ လည်း လက်တွဲလုပ်ဆောင်နေတာပါ။

Moderna က အမေရိကန်ပြည်ထောင်စု အတွက် ဆေး သန်းတရာ ထုတ်ပေးဖို့ သဘောတူညီချက် ယူထားသလို အီးယူ ဥရောပသမဂ္ဂနဲ့လည်း ညှိနှိုင်း ပြောဆိုမှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်က ဒီနှစ်ကုန်လောက်မှာ ကုမ္ပဏီ ၂ ခု ဆီကနေ ကာကွယ်ဆေး ၃၅ သန်းနဲ့ ၄၅ သန်း ရနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါဆိုင်ရာဗဟိုဌာန CDC က ခန့်မှန်းထားပါတယ်။

တချိန်ထည်းမှာပဲ ဥရောပတိုက်တလွှားမှာ COVID-19 ကူးစက်မှုနှုန်းက ကြောက်စရာကောင်းလောက်အောင် တိုးလာတာကြောင့် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးလိုက်ပြီး၊ နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာပဲ ဥရောပနိုင်ငံတွေက သူတို့ နိုင်ငံတွေ အတွက် အသွားအလာ ကန့်သတ်မှု အသစ်တွေ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/moderna-covid-vaccine-/5589280.html

နှစ်ကုန်မှာ ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ထုတ်နိုင်မယ်လို့ ကန် ဆေးကုမ္ပဏီပြော နှစ်ကုန်မှာ ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ထုတ်နိုင်မယ်လို့ ကန် ဆေးကုမ္ပဏီပြော Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.