ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားသည့် လူသတ်မှုမှကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ


ရန်ကုန်   စက်တင်ဘာ   ၂၄

ရွှေပြည်သာ မြို့နယ် ဇီးကုန်းကျေးရွာ ဗဟိုရ်လမ်းသွယ် အမှတ်(၂၉၈)နေ တရားလို ဒေါ်-----သည် စက်တင်ဘာ  ၂၃ ရက် ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ်   နေအိမ် ခေါင်းရင်းရှိ   အမှတ်-၂၉၈  (က)နေ   အစ်မဖြစ်သူ ဒေါ်တင်တင်မိုးကို   မတွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ  ဒဏ်ရာများဖြင့် ခြင်ထောင်အတွင်း သေဆုံးနေသည်ကို တွေ့ရှိရ၍   ပြစ်မှုကျူးလွန်သူအား   စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ရွှေပြည်သာမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက    အမှုနှင့် ပတ်သက်၍  ပြစ်မှုကျူးလွန်သူကို အမြန်စုံစမ်း ဖမ်းဆီး သွားရန် ညွှန်ကြားချက်အရ   ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး    မှုခင်းအကူဌာနစုမှ   တပ်ဖွဲ့ဝင်များ၊ အကူ(၂)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည်    ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူမှာ ရွှေပြည်သာ မြို့နယ် (၂၄)ရပ်ကွက်  ကျောင်းလမ်း   အမှတ်(၁၉၁) တွင် ငှားရမ်းနေထိုင်သည့် ထွန်းထွန်းဝင်းဖြစ်ကြောင်း သိရှိရ၍    ၎င်းအား   ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယနေ့  ညပိုင်းတွင်   ၎င်း၏နေအိမ်၌    ဖမ်းဆီးရမိခဲ့ သည်။

ဖမ်းဆီးရမိသူ ထွန်းထွန်းဝင်းကို စစ်ဆေးခဲ့ရာ ပြစ်မှု အား ကျူးလွန်ခဲ့ကြောင်းနှင့်  သေဆုံးသူ   ဒေါ်တင်တင် မိုးထံမှ    ရွှေဆွဲကြိုးတစ်ကုံးနှင့်     ရွှေလက်ကောက် လေးကွင်းကို  ဖြုတ်ယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့်  ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။ 

            

 ရဲပြန်ကြား

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားသည့် လူသတ်မှုမှကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားသည့် လူသတ်မှုမှကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.