ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂ ယောက် တစ်ရက်တည်းသေဆုံး

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ  ဒီကနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။

စစ်တွေပြည်သူ့ဆေးရုံမှာ ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် လူနာအမှတ် ၂၄၆၃၊  

ရန်ကုန်အရှေ့ပိုင်းဆေးရုံမှာ တက်ရောက်ကုသနေကြတဲ့ အသက် ၆၉ နှစ်အရွယ် လူနာအမှတ် ၂၃၂၄၊ အသက် ၆၆ နှစ် အရွယ် အမျိုးသား လူနာအမှတ် ၂၈၂၇ ၊ အသက် (၈၄) နှစ် အရွယ်  အမျိုးသမီး လူနာအမှတ် ၂၈၂၈

ဖောင်ကြီးကုသရေးဌာနမှ ကုသနေတဲ့ အသက် ၅၁ နှစ်အရွယ် လူနာအမှတ် ၁၉၉၇နဲ့ အသက် ၇၆ နှစ်အရွယ် လူနာအမှတ် ၂၁၂၆ ၊ အသက် (၆၇) နှစ်အရွယ် အမျိုးသား လူနာအမှတ် ၂၃၀၈

မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၀ အရွယ် လူနာအမှတ် ၂၅၀၄ ၊

ဝေဘာဂီဆေးရုံမှာ ကုသနေတဲ့ အသက် ၇၂ နှစ်အရွယ် လူနာအမှတ် ၁၉၈၇

မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးမှာတက်ရောက်နေတဲ့ အသက်  (၅၉) နှစ်အရွယ် အမျိုးသမီးလူနာအမှတ် ၂၈၄၈ ၊ အသက် (၈၀) နှစ်အရွယ် အမျိုးသား လူနာအမှတ်  ၂၈၄၇

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူလျက်ရှိ‌သော အသက် (၅၀) နှစ်အရွယ် အမျိုးသမီး လူနာအမှတ်  ၁၃၅၁ တို့ ဒီကနေ့ သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးတဲ့သူတွေဟာ ဆီးချိုသွေးချို၊ နှလုံး ရောဂါအခံရှိသူတွေဖြစ်ကြပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ လူနာစုစုပေါင်း (၃၁၉၅)ရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူစုစုပေါင်း (၃၂) ယောက်ရှိပါပြီ။ 


RFA Burmese

https://www.rfa.org/burmese/news/more-cses-covid-09142020102022.htmla

ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂ ယောက် တစ်ရက်တည်းသေဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂ ယောက် တစ်ရက်တည်းသေဆုံး Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.