ချင်းပြည်နယ်မှာ ပြည်တွင်း ကူးစက်ခံရတဲ့ ကိုဗစ် လူနာ ၃ဦးတွေ့

ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်မြို့မှာ ပြည်တွင်းကူးစက်မှုတွေ စတွေ့

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ပြည်တွင်း ကိုဗစ် ဒုတိယလှိုင်းရဲ့ ကူးစက်မှုလို့ ယူဆရတဲ့ ပထမဆုံး ကိုဗစ် လူနာ ၃ဦး ပြန်တွေ့လာရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်း ကူးစက်မှု ဖြစ်တဲ့ အတည်ပြုလူနာ ၃ ဦးကို မင်းတပ်မြို့မှာ စက်တင်ဘာလ၂၀ ရက်နေ့ကစပြီး တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ အတည်ပြုလူနာတွေဟာ မင်းတပ်မြို့က မိသားစုဝင် ၃ ဦးဖြစ်ပြီး ခရီးသွား ရာဇဝင်မရှိတာကြောင့် သူတို့ ဘယ်ကနေ ကူးစက်ခံရတယ် ဆိုတာ အတည်မပြုနိုင်သေးကြောင်း မင်းတပ်မြို့နယ်က ဆေးရုံက ဒေါက်တာဇော်ဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

သူတို့ကို လက်ရှိ မင်းတပ်မြို့ ပြည်သူဆေးရုံကြီးမှာ ကုသမှုပေးနေကြောင်း သူတို့ ထိတွေ့ ဆက်ဆံမှုရှိခဲ့သူ ၄၀ဦးခန့်ကို တို့ဖတ်နမူနာ ယူပြီးစစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်းလည်း ဒေါက်တာ ဇော်ဝင်းနိုင်က ပြောပါတယ်။

ချင်းပြည်နယ်မှာ ကူးစက်မှုတွေကာကွယ်ဖို့ အတွက် အသိပညာပေးလုပ်ငန်းတွေဆောင်ရွှက်

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက ပထမဆုံး ကိုဗစ် လူနာ တွေ့ရှိခဲ့တာ ဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စတင် ကူးစက်ခံရတဲ့ အချိန်ကနေ စက်တင်ဘာလ ၂၁ ရက်နေ့ အထိ စုစုပေါင်း၂၁ ဦးကူးစက်ခံထားရပါတယ်။

ချင်းပြည်နယ်က ကူးစက်ခံထားရသူတွေကတော့ တီးတိန်က ၈ဦး၊ တွန်းဇံက ၇ ဦး ၊ဟားခါးက တစ်ဦး၊ ထန်တလန်က တစ်ဦး ၊မင်းတပ်က ၄ ဦး နဲ့စုစုပေါင်း ၂၁ ဦး ဖြစ်ပါတယ်။

မင်းတပ်မြို့က ပထမဆုံး ကိုဗစ်လူနာကတော့ လူနာအမှတ် ၂၃၂ ဖြစ်ပြီး၊သူကိုတော့ ဟားခါးဆေးရံကို ပို့ပြီး ကုသမှု ပေးခဲ့တာဖြစ်ပါတယ်။

မင်းတပ်မြို့ဆေးရုံ အနေနဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၃ ဦးကို ပထမဆုံး ကုသပေးနေတာလည်း ဖြစ်ပါတယ်။

နယ်စပ်က အိန္ဒိယ ပြန်တွေ ပြန်လက်ခံခဲ့ပေမဲ့ ဒီရက်ပိုင်း ပိုးမတွေ့

မင်းတပ်မြို့မှာ တွေ့တဲ့ ကူးစက်ခံရတဲ့ ကိုဗစ် လူနာ ၃ ဦး ကတော့ မိသားစု တစ်စုက ၃ဦး ဖြစ်ပြီးတော့ ရန်ကုန်က ပြန်လာတဲ့သူ တစ်ဦးက တစ်ဆင့် ကူးစက်ခံရတာဖြစ်တယ်လို့ ယူဆရကြောင်းလည်း ဒေါက်တာဇော်ဝင်းနိုင် ကပြောပါတယ်။

"မိသားစုလိုက် ၉ လ ရယ်၊ ၂ နှစ် ရယ်၊ လင်မယားနှစ်ယောက်ရယ်၊ မိသားစုလေးယောက်ထဲမှာ ၃ ‌ယောက် မှာ တွေ့တယ်၊ ၉ လ သား ကလေးက မတွေ့ဘူး"လို့သူကပြောပါတယ်။

လူနာက အနံ့မရလို့ ဖျားတယ်၊နှာစေး၊ ချောင်းဆိုးတယ်ဆိုပြီးလာဆက်သွယ်လို့ ကွာရန်တင်းထားတာပြီး စောင့်ကြည့်တာကနေ ပိုးတွေ့တာပါလို့လည်း ဒေါက်တာဇော်ဝင်းနိုင်က ပြောပါတယ်။

ချင်းပြည်နယ်မှာ အခုလို ပြည်တွင်း ကူးစက်မှုကနေ ထပ်မံ ကူးစက်ခံရတဲ့ လူနာ အရေအတွက်ဟာ ထပ်တိုးလာဖို့ အလားလာရှိတယ်လို့လည်း ဒေါက်တာဇော်ဝင်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ကူးစက်ခံရတဲ့ မိသားစုတွေနဲ့ အတူ ၉ လ ကလေးကို အတူထားမယ်လို့ ဆုံးဖြတ်ပြီး မင်းတပ်မြို့ ဆေးရုံမှာပဲ ဆက်ထားတယ်လို့ လည်းသိရပါတယ်။

ဒါအပြင် မင်းတပ် အထက ၁ နဲ့ အထက ၃ ‌၊ ရွှေနှလုံးတော် ကက်သလစ် ဘုရားကျောင်းတို့ကို ကွာရန်တင်းစင်တာအဖြစ်ထားရှိပြီး ကူးစက်ခံရသူနဲ့ထိတွေ့ခဲ့သူတွေကို အသွားအလာ ကန့်သတ်ထားရှိတယ်လို့လည်း ချင်းပြည်နယ် အစိုးရအဖွဲ့ ထံကနေ သိရပါတယ်။

ဒါ့အပြင် ကွာရန်တင်း ဝင်ရမယ့်သူ အရေအတွက် များလာလို့ရှိရင်တော့ မင်းတပ် အထက ၂ နဲ့ အိမ်တွင်းမှုသိပ္ပံကျောင်းတွေကို ကွာရန်တင်းစင်တာတွေအဖြစ် ဆက်ထားသွားမယ်လို့လည်း ချင်းပြည်နယ် လူမှု‌ရေးဝန်ကြီး ပေါင်လွန်မင့်ထန်က ပြောပါတယ်။

ဒီအတည်ပြုလူနာတွေ မတွေ့ခင် အထိ ချင်းပြည်နယ်မှာ ပြည်ပက နယ်စပ်က အိန္ဒိယ ပြန်တွေ ပြန်လက်ခံနေပေမဲ့ ပိုးတွေ့သူ မရှိဘဲ၊ စောင့်ကြည့် စခန်းတွေမှာပဲ လူရှိပြီး ကိုဗစ် လူနာလည်း ချင်းပြည်နယ်က ဆေးရုံတွေပေါ်မှာ မရှိဖြစ်နေရာက နေ အခု တစ်ဖန် ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရတာလည်း ဖြစ်ပါတယ်။

မင်းတပ်မှာ ပိုးတွေ့သူ စုစုပေါင်း ၄ဦးရှိပြီ


BBC Burmese

https://www.bbc.com/burmese/burma-54252966

ချင်းပြည်နယ်မှာ ပြည်တွင်း ကူးစက်ခံရတဲ့ ကိုဗစ် လူနာ ၃ဦးတွေ့  ချင်းပြည်နယ်မှာ ပြည်တွင်း ကူးစက်ခံရတဲ့ ကိုဗစ် လူနာ ၃ဦးတွေ့ Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.