စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များတွင် ကိုဗစ်ပိုးတွေ့



Share/Bookmark

နိရဥၥရာ၊ စက္တင္ဘာ ၁၅ /၂ဝ၂ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မွန်းလွဲ ၃ နာရီ ကိုဗစ် ပိုးတွေ့လူနာ စာရင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရှိရသည်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “ မနက် ပိုးတွေ့တဲ့လူနာတွေထဲမှာတော့ အမှတ် (၁) ရဲစခန်းက ရဲသားတွေလည်း ပါဝင်တယ်။ ဘယ်နှစ်ယောက်ပါတယ်ဆိုတာတော့ မသိတော့ဘူး။ ၄ ယောက်လား။ ၆ ယောက်လား မသိဘူး ပါတယ်” ဟု ပြောသည်။

အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက ယနေ့ ပိုးတွေ့တဲ့ လူနာများထဲတွင် အမှတ် (၁) ရဲစခန်းမှ (၁ဝ) ဦးပါဝင်ကြောင်းနှင့် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ပိုးတွေ့ရှိသူ တစ်ဦးရှိကြောင်း ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မွန်းလွဲ ၃ နာရီ ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာ ၂၈၄ ဦးပါရှိပြီး ၎င်းတို့ထဲတွင် ရခိုင်ပြည်နယ်မှ ၄၅ ဦးပါရှိကြောင်း သိရှိရသည်။ ထို ၄၅ ဦးမှာ စစ်တွေမြို့နယ်မှ ၄၄ ဦးနှင့် ကျောက်ဖြူမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ စစ်တွေအမှတ် (၁) စခန်းမှူး ဦးအောင်မြဦးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။


ထွန်းခိုင် (တောင်ရင်းကျွန်း)

Narinjara

https://www.facebook.com/narinjara.info



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ