လောက်ကိုင်မြို့ တွင် အကြွေးမပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား အရေးယူ


လောက်ကိုင်          စက်တင်ဘာ             ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်  ဟိုတယ်တစ်ခု၌ လူတစ်ဦးအား အကြွေး မပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား စက်တင်ဘာ ၆ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ် ဇော်ဦးလွင် ၊ ကိုးကန့်ရဲတပ်ဖွဲ့မှ ရဲအရာခံ လီဖူချုံး(ခ) လီဖူဆို နှင့် တပ်ဖွဲ့ဝင်များသည်  အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးရာ  တရုတ်နိုင်ငံသား ယူနန်ပြည်နယ် ၊ ယုံခန်းခရိုင် ၊ ယုံတဲမြို့နေသူအား  မြန်မာနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား(၈)ဦးမှ  ၎င်းတို့ထံ အကြွေးပေးစရာရှိသည့် အတွက် ဟိုတယ်အခန်းအတွင်း ပိတ်၍ ချုပ်နှောင်နှိပ်စက်ပြီး  ငွေတောင်းခံခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့်အတွက်  ချုပ်နှောင် နှိပ်စက်ခံရသူ တရုတ်နိုင်ငံသားအား  လောက်ကိုင်ပြည်သူ့ ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်ပေး ခဲ့သည်။ 

ချုပ်နှောင် နှိပ်စက်သူ မြန်မာနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား(၈)ဦး အား  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား (၈)ဦးမှာ တရာမဝင်  ဝင်ရောက်လာကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးမှ အက်ဉပဒေပုဒ်မ  ၁၃ (၁) ဖြင့် ထပ်မံ အမှုဖွင့် အရေးယူဆောင်ရွက်ကာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ  မှ Swap နမူနာရယူပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း မြို့မရဲစခန်းမှသိရသည်။


ဇော်ဇော်အောင်

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

လောက်ကိုင်မြို့ တွင် အကြွေးမပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား အရေးယူ လောက်ကိုင်မြို့ တွင် အကြွေးမပေးသဖြင့် တရားမဝင် ဖမ်းဆီးနှိပ်စက်သူများအား အရေးယူ Reviewed by THITHTOOLWIN on 00:27 Rating: 5

No comments:

Powered by Blogger.