ဗျိုင်းဖြူရွာရေကန်တွင် လူတစ်ဦးရေနစ်သေဆုံးနေပြီး အနီးအနားတွင် ကားဖြူတစ်စီးကို ရပ်နားပြီးတွေ့ရ

(Photo by Win Mar)

နိရဥၥရာ၊ စက္တင္ဘာ ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ၏ ရွာအဝင် ရေကန်တွင် ယနေ့ နေ့လယ် ၃ နာရီကျော် အချိန်ခန့်က လူသေအလောင်းတစ်လောင်း သေဆုံးလျက်ရှိပြီး ကန်ဘေးအနီးတွင် ကားဖြူတစ်စီးကိုလည်း ရပ်လျက် တွေ့ရှိကြောင်း သိရှိရသည်။

သေဆုံးနေသူမှာ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းမှာ မည်သူ၊ မည်ဝါဆိုသည်ကို မသိရှိရသေးကြောင့် စစ်တွေမြို့၏ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်အသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်အသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “သူရဲ့ ဘယ်ဖက်လက်မောင်းမှာ ဆေးမင်ကြောင်ထိုးလို့ပါတယ်။ သူ့မှာ ကားအဖြူတစ်စီးလည်းပါတယ်။ အဲဒီကားအဖြူကလည်း မနေ့ နေ့လယ်ကနေ အဲဒီနားမှာ ရပ်ထားတယ်လို့ပြောတယ်။ အခုသူသေဆုံးသွားတဲ့ အချိန်ခါမှ အဲဒီကားနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာကို သိရတယ်” ဟု ပြောသည်။

အဆိုပါသေဆုံးသွားသူ၏ ရုပ်အလောင်းကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။


ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ

Narinjara

https://www.facebook.com/narinjara.info

ဗျိုင်းဖြူရွာရေကန်တွင် လူတစ်ဦးရေနစ်သေဆုံးနေပြီး အနီးအနားတွင် ကားဖြူတစ်စီးကို ရပ်နားပြီးတွေ့ရ ဗျိုင်းဖြူရွာရေကန်တွင် လူတစ်ဦးရေနစ်သေဆုံးနေပြီး အနီးအနားတွင် ကားဖြူတစ်စီးကို ရပ်နားပြီးတွေ့ရ Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.