ဂျာမနီမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကြပ်

Germany ရဲများ

ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများတဲ့ နေရာတွေမှာ ပါတီပွဲနဲ့ မိသားစု တွေ့ဆုံပွဲတွေ အတွက် စုဝေးနိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်သွားမယ်လို့ဝန်ကြီးချုပ် Angela Merkel က အင်္ဂါနေ့က ပြောပါတယ်။ ပြည်နယ် ၁၆ ပြည်နယ်က ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးအပြီးမှာ ဝန်ကြီးချုပ် Merkel က အခုလို ပြောလိုက်တာပါ။

လတ်တလော ဂျာမနီမှာ မင်္ဂလာအခမ်းအနားပွဲ၊ မိသားစုတွေ့ဆုံပွဲနဲ့ ပါတီပွဲတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ရောဂါ ထိန်းချုပ်ရေး တုန့်ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ Merkel ကပြောပါတယ်။

နိုင်ငံတွင်း ဘယ်နေရာမဆို လူ ၁ သိန်းမှာ ၃၅ ယောက် ရောဂါကူးစက်မှုနှုန်းရှိရင် အပြင်မှာ ဖြစ်ဖြစ်၊ အဆောက်အဦးအတွင်းမှာဖြစ်ဖြစ် လူ အယောက် ၅၀ ထက်ပိုပြီး စုဝေးခွင့်ပြုမှာ မဟုတ်ပါဘူး။ တကယ်လို့ လူ ၁ သိန်းမှာ ၅၀ ထိကူးစက်မှုနှုန်းရှိရင်တော့ လူ ၂၅ ယောက် ပဲစုဝေးခွင့်ပြုမှာ ဖြစ်ပါတယ်။ ဂျာမနီမှာ အခုအချိန်အထိ COVID 19 ကူးစက်သူ ၂၈၉၇၀၀ ကျော်နဲ့ သေဆုံးသူ ၉၅၀၀ ကျော်ရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/germany-covid-restriction-/5602996.html

ဂျာမနီမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကြပ် ဂျာမနီမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကြပ် Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.