ကန်နဲ့ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုသစ် တိုးလာ



Share/Bookmark
အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် အတော်များများ တိုးလာခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၅၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။

အခုနှစ်အစောပိုင်းက အမေရိကန် အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ ကူးစက်မှုတွေ မြင့်နေတဲ့အချိန်မှာ အမေရိကန်အလယ်ပိုင်းက ပြည်နယ်တွေမှာ ကူးစက်မှုတွေ သိပ်မရှိခဲ့ပုံရပေမယ့် အခုအခါမှာတော့ အဲဒီအလယ်ပိုင်းက ပြည်နယ်တွေမှာပါ ကူးစက်မှုတွေ တိုးလာခဲ့ပြီး North Dakota, South Dakota, Iowa နဲ့ Wisconsin ပြည်နယ်တွေမှာ ကူးစက်မှုတွေ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၈၆,၀၀၀ ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူ ၁,၁၂၄ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူ ၉၄,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ဥရောပဘက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ရင်ဆိုင်နေရတာကြောင့် တချို့နိုင်ငံတွေက ကန့်သတ်ချက်အသစ်တွေကို ထုတ်ပြန်လာနေရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းက ထင်ထားတာထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက်လာတယ်လို့ ပြင်သစ်ဆေးကောင်စီ အကြီးအကဲက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၁၄,၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်သူ ၃၃ သန်းနီးပါး ရှိလာနေပြီဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ၇ သန်းကျော်နဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ အိန္ဒိယက ၅.၉ သန်းကျော်နဲ့ ဒုတိယ၊ ဘရာဇီးလ်က ၄.၇ သန်းနဲ့ တတိယဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-us-india/5599405.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ