​မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး

ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့မြင်ကွင်း။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့တယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၈ ယောက်ရှိသွားပါပြီ။ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့မှာ အတည်ပြုလူနာသစ်ကလည်း ၃၄၆ ယောက်ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း COVID-19 အတည်ပြုလူနာက ဒီနေ့ည ၈ နာရီအထိ ၆,၁၅၁ ယောက်ဖြစ်ပါတယ်။

ဒီနေ့အတွက် ဓါတ်ခွဲနမူနာတွေကိုတော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန (ရန်ကုန်) အပြင်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာနတွေ၊ စစ်တွေ၊ ကျောက်ဖြူ၊ ထားဝယ်၊ မြိတ်၊ မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ပြည်၊ တီးတိန်၊ ဘားအံ၊ ပြင်ဦးလွင်၊ မကွေး၊ ပုသိမ်၊ နေပြည်တော်တို့က ပြည်သူ့ဆေးရုံကြီးတွေနဲ့ တပ်မတော်ဆေးရုံကြီးတချို့မှာ နမူနာစုစုပေါင်း ၂,၄၃၉ စစ်ဆေးခဲ့ပါတယ်။

လောလောဆယ်အထိ ဆေးရုံက ဆင်းခွင့်ပြုထားသူ ကိုဗစ်လူနာဟောင်းကတော့ ၁,၄၄၅ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေနဲ့ သေဆုံးသူ အရေအတွက် တိုးနေချိန်မှာ ရန်ကုန်မြို့မှာ မလိုအပ်ရင် အိမ်ပြင်မထွက်ရ အမိန့် ဒီနေ့ကစတင် ထုတ်ပြန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5591537.html

​မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး ​မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး Reviewed by THITHTOOLWIN on 01:36 Rating: 5

No comments:

Powered by Blogger.