ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရန်ကုန်က စက်ရုံတချို့ကို ရောက်ရှိ

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတချို့ကို တွေ့ရစဉ်

Photo: Aung Thain Kha/RFA

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရန်ကုန်က အလုပ်သမား ရာနဲ့ချီရှိတဲ့ စက်ရုံတွေထဲအထိ ရောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

အများစုကတော့ လှိုင်သာယာမြို့နယ်က စက်ရုံတွေ ဖြစ်တယ်လို့  ဆိုပါတယ်။

CTUM အဖွဲ့ဝင်တွေဟာ သစ်ထုတ်လုပ်ရေး၊ စက်မှုကုန်ထုတ်နဲ့ အစားအသောက်ထုတ်လုပ်ရေး စက်ရုံတွေ အပါအဝင် ရန်ကုန်တိုင်းထဲက  စက်ရုံပေါင်း တစ်ရာကျော်မှာ လုပ်ကိုင်နေတာပါ။

ကူးစက်ခံထားရတာ အဲဒီထဲမှာ စက်ရုံ ၁၆ ရုံ ရှိပြီး တစ်ရုံကို တစ်ယောက်ကနေ နှစ်ယောက် ပိုးကူးစက် ခံရထားတယ်၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာတွေမှာ စောင့်ကြည့်ခံနေရသူတွေ ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

ဒီအထဲမှာ စက်ရုံတစ်ရုံကို လုံးဝပိတ်ထားပြီး ကျန်တဲ့စက်ရုံတွေကတော့ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေကြသလို အဲဒီအထဲမှာမှ စက်ရုံ ငါးရုံလောက်ကပဲ ကျန်းမာရေးဌာန၊ အလုပ်သမားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

CTUM အနေနဲ့တော့ ပူးပေါင်းဆောင်ရွက်ခွင့်ပေးတဲ့ စက်ရုံတွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ နေထိုင်တဲ့ အဆောင်တွေအထိပါ ဆေးဖျန်းတာတွေ ဆောင်ရွက်ပေးတဲ့အပြင် ထိစပ်သူတွေကို ရှာဖွေဖော်ထုတ်ပေးတာတွေ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ အလုပ်သမားတစ်သောင်းနီးပါးရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ယောက်တွေ့ခဲ့ပြီး သူကတဆင့် ကူးစက်သူ ထပ်မံ တိုးပွားလာမှာ စိုးရိမ်နေကြပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ညက ထုတ်ပြန်တဲ့ ကျန်းမာရေးဌာနရဲ့ အမိန့်မှာ စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းထဲက မြို့နယ်တွေ နေအိမ်မှာပဲနေကြဖို့နဲ့ CMP လို့ခေါ်တဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားစနစ်နဲ့ လုပ်ကိုင်တဲ့ အလုပ်တွေ၊ စက်ရုံတွေက ဝန်ထမ်းတွေကို စက်တင်ဘာလ ၂၄ ရက်ကနေ အောက်တိုဘာလ ၇ ရက်နေ့ထိ အလုပ်နားထားဖို့ ဖော်ပြထားပါတယ်။

နှစ်ပတ်ရပ်နားထားရမယ့် စက်ရုံတွေက အလုပ်သမားတွေကိုတော့ အစိုးရက လူမှုဖူလုံရေးကြေး ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/covid-19-in-factories-09222020085631.html

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရန်ကုန်က စက်ရုံတချို့ကို ရောက်ရှိ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရန်ကုန်က စက်ရုံတချို့ကို ရောက်ရှိ Reviewed by THITHTOOLWIN on 23:58 Rating: 5

No comments:

Powered by Blogger.