ဖုန်းကိုင်သည့်ကိစ္စဖြင့် ညီဖြစ်သူမှ ဓားဖြင့်ခုတ်၍ အစ်ကိုဖြစ်သူ သေဆုံး


နေပြည်တော် ၂၉ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က ဖုန်းကိုင်သည့်ကိစ္စဖြင့် ညီဖြစ်သူမှဓားဖြင့်ခုတ်၍ အစ်ကိုဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ကြို့ပင်သာကျေးရွာနေ အေးမင်းထိုက် (၃၅)နှစ်သည် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီက ငါးမျှားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ၎င်း၏ လက်ကိုင်ဖုန်းအား ညီဖြစ်သူ သန့်ဇော်ဦး (၃၀)နှစ်မှ ကိုင်ဆောင်အသုံးပြုနေသည်ကို မကျေနပ်၍ မီးဖိုဆောင်အတွင်းမှ ဓားအားယူ၍ခုတ်ရာ သန့်ဇော်ဦးက ဓားအားလုယူပြီး ပြန်လည်ခုတ်သဖြင့် အေးမင်းထိုက်မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် သန့်ဇော်ဦးအား လက်ပံပျားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ဖုန်းကိုင်သည့်ကိစ္စဖြင့် ညီဖြစ်သူမှ ဓားဖြင့်ခုတ်၍ အစ်ကိုဖြစ်သူ သေဆုံး ဖုန်းကိုင်သည့်ကိစ္စဖြင့် ညီဖြစ်သူမှ ဓားဖြင့်ခုတ်၍ အစ်ကိုဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.