သုဝဏ္ဏကိုဗစ်ကုသရေးဌာနကို ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့

သုဝဏ္ဏအားကစားကွင်းအတွင်း ကိုဗစ်အရေးပေါ်လူနာကုသရေးဌာန စတင်တည်ဆောက် 

ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုနဲ့ ငါးရက်အတွင်းအပြီး တည်ဆောက်ထားတဲ့ သုဝဏ္ဏကိုဗစ်ယာယီကုသရေးဌာနကို အခုအခါ ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ ရန်ကုန်ကိုဗစ်ကော်မတီက ဆုံးဖြတ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက စက်တင်ဘာ ၂၂ မှာ ကြေညာပါတယ်။ 

လက်ရှိလူနာတွေ လက်ခံထားရှိ ကုသနေပြီဖြစ်တဲ့ သုဝဏ္ဏမြတ်ခင်းတုအားကစားကွင်းက ကုသရေးဌာနကို ဧရာဝတီ စင်တာ (A) အဖြစ် သတ်မှတ်ထားပြီး အဲဒီမှာ လူနာ ၄၂၅ ဦးကို ကုသပေးနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း

သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းက လက်ရွေးစင် ကစားသမားအဆောင်ကိုတော့ ဧရာဝတီ စင်တာ (B) အဖြစ် ကုတင် ၂၇၀ တိုးချဲ့မှာဖြစ်ပါတယ်။

သုဝဏ္ဏအားကစားကွင်းမှာတော့ အရေးပေါ်လူနာတွေကို အနီးကပ်ကြပ်မတ် ကုသပေးနိုင်ဖို့ ၇၅ ခုတင်ဆံ့ စင်တာ (C) ကို ပြင်ဆင်ထားရှိမှာဖြစ်ပါတယ်။ 

စင်တာ (B) နဲ့(C) တွေမှာ ဒီစက်တင်ဘာလကုန်ကစပြီး လူနာတွေ လက်ခံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

တိုးချဲ့မယ့် ကုသရေးဌာနတွေအပါအဝင် စင်တာ ၃ ခုလုံးမှာ ကျန်းမာရေးနဲ့စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၅၀ အတွက် နေထိုင်မယ့်အဆောင်နေရာတွေကိုပါ စီမံဆောင်ရွက်ထားတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

မြန်မာမှာ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၆,၄၇၁ ဦးနဲ့ သေဆုံးသူက ၁၀၀ ဦးရှိပြီဖြစ်ပါတယ်။ 

Update: ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အခု ညနေ ငါးနာရီထုတ်ပြန်ချက်အရ သေဆုံးသူ ၁၃ ဦးထပ်မံတွေ့ရှိရတာကြောင့် စုစုပေါင်းသေဆုံးသူ ၁၁၃ ဦးထိ ရှိလာပြီဖြစ်ပါတယ်။ 


BBC Burmese

https://www.facebook.com/BBCnewsBurmese

သုဝဏ္ဏကိုဗစ်ကုသရေးဌာနကို ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့ သုဝဏ္ဏကိုဗစ်ကုသရေးဌာနကို ခုတင် ၇၇၀ ဆံ့အဖြစ် ထပ်မံတိုးချဲ့ Reviewed by THITHTOOLWIN on 19:02 Rating: 5

No comments:

Powered by Blogger.