ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း

ရန်ကုန်မြို့ရှိ Inno City ဆောက်လုပ်ရေးနေရာရဲ့ အဝင်ပေါက် မြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၂၀)

မြန်မာ့တပ်မတော်ပိုင် အကြီးဆုံးကုမ္ပဏီတချို့ကတဆင့် နိုင်ငံစီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ချုပ်ကိုင်ထားတာကြောင့် နိုင်ငံခြားနဲ့ ပြည်တွင်းစီးပွားရေးဖက်စပ်လုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ တပ်ဖွဲ့တွေနဲ့ တပ်ခေါင်းဆောင်တွေကို ကူညီရာရောက်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

Amnesty International အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာတပ်မတော်က ၁၉၉၀ မှာ ထူထောင်ခဲ့တဲ့ မြန်မာဦးပိုင်လီမီတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတချို့ရဲ့ အသေးစိတ်တွေကို ဖွင့်ချထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ငွေကြေးကူညီသလိုဖြစ်နိုင်တဲ့ ဒီဦးပိုင်ကော်မတီနဲ့ ဖက်စပ်လုပ်ကိုင်နေတာတွေ ရပ်တန့်ဖို့ ကုမ္ပဏီတွေနဲ့ အစိုးရတွေကို ဒီ Amnesty လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒီဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေထဲမှာ တောင်ကိုရီးယားကုမ္ပဏီတွေဖြစ်တဲ့ စတီးထုတ်လုပ်ရေး Posco International၊ ကုန်သွယ်ရေးကုမ္ပဏီ Pan-Pacific နဲ့ Inno Group၊ နောက် အရင် ဗြိတိန်-အမေရိကန် Tobacco ကုမ္ပဏီပိုင် RMH စင်္ကာပူ လီမီတက်၊ တရုတ် Wanbao Mining ကြေးနီကုမ္ပဏီနဲ့၊ ဂျပန်က Kirin ဘီယာကုမ္ပဏီတို့ပါကြောင်း ထုတ်ပြန်ထားပါတယ်။

Kirin ဘီယာအပါအဝင် ဒီ ဦးပိုင်ရဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတွေထဲက တချို.ကတော့ ဒီ Amnesty လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာကတောက်ပြထားတဲ့ စိုးရိမ်ချက်အပေါ် စုံစမ်းစစ်ဆေးမူတွေလုပ်နေတယ်လို့ တုံ့ပြန်လာပေမဲ့ အခြားကုမ္ပဏီတွေကတော့ ဘာမှမပြောသေးပါဘူး။

ဒီ Amnesty အစီရင်ခံစာကို၊ မြန်မာနိုင်ငံက Justice for Myanmar အဖွဲ့နဲ ပူးပေါင်းရေးသားထားပြီး၊ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ တပ်မတော်အခေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အဓိကပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင်တွေနဲ့ ဒီဦးပိုင်ကုမ္ပဏီကြား အချိတ်အဆက်တွေကို ထုတ်ဖော်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-business/5578227.html

ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.