Mitsubishi ကုမ္ပဏီ မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ဖို့ စဉ်းစားနေ



Share/Bookmark
Mitsubishi ကား စက်ရုံ

အရှေ့တောင်အာရှမှာ စျေးကွက်ချဲ့ထွင်လာတဲ့ ဂျပန် Mitsubishi ကား ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေးစက်ရုံတခု တည်ဆောက်ဖို့ စဉ်းစားနေတယ် လို့ Mitsubishi အမှုဆောင်အရာရှိချုပ် Takao Kato က Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။ ဘယ်နေရာမှာ ဆောက်မလဲဆိုတာနဲ့ ဘယ်တော့ ဆောက်မလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ နှစ်လတ်စီမံကိန်း အစီအစဉ်တွေအရ Mitsubishi ကား ကုမ္ပဏီက အရှေ့တောင်အာရှ ၁၀ နိုင်ငံ အဖွဲ့ဝင် နိုင်ငံတွေမှာ ဦးစားပေး စျေးကွက်ချဲ့ထွင်လာတာဖြစ်ပါတယ်။

ဗီယက်နမ်၊ ထိုင်း ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း Mitsubishi ကားထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက် ထားပြီး ဖြစ်ပါတယ်။ ဗီယက်နမ်မှာ နောက်ထပ် စက်ရုံတခု ထပ်ပြီးတည်ဆောက်ဖို့ စဉ်းစားနေပြီးတဲ့နောက် အခုအခါ မြန်မာနိုင်ငံ ကိုလည်း ဒီ အစီအစဉ်ထဲ ထည့်သွင်းလာတာပါ။ Mitsubishi ကုမ္ပဏီဟာဥရောပနဲ့ တခြား အရေးပါတဲ့ ဒေသတွေမှာ လုပ်သား အင်အားကို ဖြတ်တောက်ပြီး လုပ်ငန်းတွေ လျှော့ချ လည်ပတ်သွားမှာ ဖြစ်တယ်လို့လည်း Nikkei Asian Review သတင်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အခွန်ကိစ္စ တရားရင်ဆိုင်နေရချိန်မှာ လက်ဘနွန်နိုင်ငံကို လှို့ဝှက် ထွက်ပြေးသွားခဲ့သူ Mitsubishi ကုမ္ပဏီ ဥက္ကဌဟောင်း Carlos Ghosn လက်ထက်မှာ ကုမ္ပဏီ တိုးချဲ့တာတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ