Democratic ပါတီသမ္မတလောင်းအဖြစ် Joe Biden ကို တရားဝင်ရွေးချယ်

ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရတဲ့ Joe Biden။

နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် Joe Biden ကို နိုင်ငံလုံးဆိုင်ရာညီလာခံဒုတိယနေ့မှာ တရားဝင်ရွေးချယ်လိုက်ပါပြီ။

ပါတီညီလာခံမှာ မစ္စတာ Biden ရဲ့ ဦးဆောင်မှု စွမ်းရည်အချင်းကို ချီးကျူးပြောဆိုပြီး သမ္မတ Donald Trump ရဲ့ လုပ်ရည်ကိုင်ရည်အေပေါ် ဝေဖန်ခဲ့သူတွေထဲမှာထင်ရှားတဲ့ ရီပတ်ဘလစ်ကန်တွေလည်းပါဝင်လာပါတယ်။ ဒီမိုကရက်ပါတီဘက်ကနေ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ကြသူအများအပြားရှိခဲ့ပေယ့် ပြည်နယ်အလိုက်ကျင်းပတဲ့ ပါတီတွင်း အကြိုရွေးကောက်ပွဲမှာ တဖြည်းဖြည်း ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံးမှာ Joe Biden ကို ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ်လတွေနဲ့ချီ လျာထားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို သမ္မတ မဲဆွယ်စည်းရုံးပွဲတွေ ရပ်နားခဲ့ကြသူတွေထဲမှာ Biden ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders လည်း ပါဝင်ပါတယ်။ ၄ ရက်တာကျင်းပတဲ့ ပါတီညီလာခံ ဒုတိယနေ့မှာတော့ အစဉ်အလာအတိုင်း သမ္မတကိုယ်စားလှယ်လောင်းကို ပြည်နယ်အလိုက် တရားဝင်မဲပေးကြတာဖြစ်ပါတယ်။

သက်ဆိုင်ရာပြည်နယ်နဲ့ ဒေသအသီးသီးကနေ ပါတီကိုယ်စားလှယ်တွေက Joe Biden ကို ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ Joe Biden ကလည်း ခုလို ပါတီသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရတာသူနဲ့ သူ့မိသားစုက အတိုင်းမသိ ဝမ်းသာမိပါတယ်လို့ ပြောပါတယ်။ လာမယ့် ကြာသပတေးနေ့ညမှာတော့ Joe Biden က သမ္မတကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်လက်ခံ စကားပြောရမှာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/democratic-convention/5549463.html

Democratic ပါတီသမ္မတလောင်းအဖြစ် Joe Biden ကို တရားဝင်ရွေးချယ် Democratic ပါတီသမ္မတလောင်းအဖြစ် Joe Biden ကို တရားဝင်ရွေးချယ် Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.