လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ

ပြင်သစ်နိုင်ငံ Biarritz မြို့ရှိ ကမ်းခြေတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၀၃၊ ၂၀၂၀)

လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်း လွန်ခဲ့တဲ့ ၅ လအတွင်း ၃ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက် ပါတယ်။ လူချင်းချဲ ခပ်ခွါခွါနေရမဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် အခုလို ကူးစက်မှုနှုန်းတက်လာရကြောင်း လည်း WHO က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus

ဖေဖော်ဝါရီလနှောင်းပိုင်းကနေ ဇူလိုင်လ အလယ်ပိုင်းအထိ COVID-19 ကူးစက်မှုတွေရဲ့ ၁၅ ရာခိုင်နှုန်း က အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာဖြစ်တယ်လို့လည်း WHO ကပြောတာပါ။ ဖေဖော်ဝါရီ မတိုင်ခင် လူငယ်တွေကြား ကူးစက်မှုနှုန်းက ၄.၅ ရာခိုင်နှုန်း ပဲရှိပါတယ်။ လူငယ်တွေကြားမှာလည်း ဒီရောဂါက ကူးစက်နိုင်သလို၊ သေဆုံးနိုင်ပြီး သူတို့ကနေ တခြားလူတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးလိုက်ပါတယ်။

လူငယ်တွေကြား နှာခေါင်းစည်းဝတ်ဆင်ဖို့နဲ့ လူချင်းချဲနေဖို့ စည်းကမ်းတွေကို သိပ်မလိုက်နာကြတဲ့ အပြင်သူတို့က အလုပ်သွားနေကြပြီး တခြား စားသောက်ဆိုင်တွေ၊ အရက်ဘားနဲ့ ကမ်းခြေတွေသွားတာ၊ စျေးဝယ်ထွက်တာ စတာတွေကို ပြုလုပ်နေကြတာပါ။
လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ နိုင်ငံတွေထဲ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်နဲ့ ဂျပန်နိုင်ငံတွေပါဝင်ပါတယ်။ ဂျပန်နိုင်ငံ Tokyo မြို့တွင်း ဖျော်ဖြေရေးလုပ်ငန်းတွေရှိတဲ့နေရာတွေမှာ ရောဂါစစ်ဆေးတဲ့ အစီအစဉ်တွေလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ လက်ရှိ တကမ္ဘာလုံးမှာ COVID-19 ကူးစက်သူ ၁၈.၅ သန်းနဲ့ သေဆုံးသူ ၇၀၀,၀၀၀ ကျော်ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ လူငယ်တွေအကြား COVID-19 ကူးစက်မှု တိုးလာ Reviewed by THITHTOOLWIN on 09:54 Rating: 5

No comments:

Powered by Blogger.