မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး

မြောက်ကိုရီးယားနိုင်ငံ Pyongyang မြို့က လမ်းသွားလမ်းလာ အမျိုးသမီး နှစ်ဦး။ (သြဂုတ် ၀၅၊ ၂၀၂၀)

မြောက်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ရေကြီးနေတာကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးပြီးနောက်ထပ်လူ ၄ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့ IFRC ကပြောပါတယ်။


မြောက်ကိုရီးယား တာဝန်ရှိသူတွေကို ကိုးကားဖော်ပြထားတဲ့ IFRC ရဲ့ကြေငြာချက်မှာတော့ ရေကြီးရေလ ျှံမှုကြောင့် သီးနှံစိုက်ခင်းအတော်များများလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကာလတာရှည် စားနပ်ရိက္ခာရှားပါးမှုနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွါးရေးပိုပြီး အထိနာစေပါတယ်။


အစိုးရပိုင် KCNA သတင်းဌာနကလည်း ရေကြီးမှုကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၁၀၀,၀၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရသလို အိမ်ခြေ ၁၇,၀၀၀ ကျော် ပျက်စီးတာ၊ ရေဝင်တာတွေဖြစ်ခဲ့တယ်လို့သောကြာနေ့မှာ ပြောပါတယ်။ ကားလမ်း၊ ရထားလမ်းတွေနဲ့ တံတားအတော်များများလည်း ပြိုကျပျက်စီးခဲ့ရသလို တိုင်းပြည် စီးပွားရေးလုပ်ငန်းအတော်များများ ထိခိုက်နစ်နာခဲ့ရတယ်လို့လည်း KCNA သတင်းကဖော်ပြခဲ့တာပါ။


ကိုရီးယားကျွန်းဆွယ်မှာ မိုးရာသီကာလ သာမန်ထက် ရက်ကြာရှည်လာပါတယ်။ တောင်ကိုရီးယားနိုင်ငံကတချို့ဒေသတွေမှာ လတ်တလော ၄၉ ရက်ဆက်တိုက် မိုးမပြတ်ရွာသွန်းခဲ့တာကြောင့် ရေကြီးမြေပြိုပြီးလူ ဒါနဲ့ချီသေဆုံးခဲ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့အခြေခံအဆောက်အအုံ မလုံလောက်တာ၊ ထင်းနဲ့လောင်စာအတွက် အသုံးပြုတာ၊ တောင်ယာချဲ့ထွင်ဖို့သစ်ပင်တွေမဆင်မခြင်ခုတ်ယူတာတွေကြာင့် အဆမတန် သစ်တောပြုန်းတီးနေတဲ့အတွက် ရေဘေးအန္တရာယ်ကိုပိုပြီး ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/nkorea-flood/5543520.html

မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး Reviewed by THITHTOOLWIN on 02:56 Rating: 5

No comments:

Powered by Blogger.