ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံးရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် လုယက်သူအမျိူးးသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ



 ပြည်    သြဂုတ်   ၃၀

      ပဲခူးတိုင်း ဒေသကြီး   ပြည်ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ အမျိူးးသား နှစ်ဦးအား ရဲတပ်ဖွဲ့ နှင့် ပြည်သူပူးပေါင်းဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မိုးထံက  သိရသည် ။

      ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ညနေ  ၅း၂၀  နာရီ ခန့် ပြည်မြို့နယ်၊ ရွှေကူရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းနှင့် ပန်းပဲ တန်းလမ်းထောင့် ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံး ရှေ့ ရှိ "မေ့သရဖူ" ရွှေဆိုင်တွင် ဆိုင်ရှင် ဖြစ်သူသည် ရှိနေစဉ် ဆိုင်ရှေ့သို့ ဆိုင်ကယ်ဖြင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသော အမျိုးသား(၂)ဦး ရောက်ရှိလာခဲ့ပြီး ၎င်းတို့(၂)ဦးအနက် ထက်ဇော်အောင် (၂၃) နှစ်မှ ယာဘက်လက်ထဲတွင် ခဲသီးထည့်ပစ်ရသော ဂက်စ်ဗူးငယ်တပ်ဆင်ထားသည့် Walther CP 99 စာတမ်း ပါ ကော်သေနတ်အား ကိုင်ဆောင်၍လည်းကောင်း၊ ပြည့်ဖြိုးအောင် (၂၄) နှစ်မှ Nato တံဆိပ်ပါ (အရပ်ခေါ်-ငရုတ်ကောင်း ဖျန်းဆေးဗူး)ကိုင်ဆောင်၍ လည်းကောင်း ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ကော်သေနတ် ကိုင်ဆောင်ထားသူ ထက်ဇော်အောင်မှ "မလှုပ်နဲ့၊ စကားမပြောနဲ့၊ လှုပ်ရင်ပစ်သတ်မယ်"ဟု ပြောကာ မှန် ကောင်တာ ရှိုးကေ့(စ်)အတွင်းမှ ရွှေထည်ပစ္စည်းများအား ပီနံအိတ်ဖြင့် ထည့်နေစဉ် ဆိုင်ရှင်ဖြစ်သူ ကို ---- မှ ပြန်လည် ထိုးကြိတ်ခုခံရာ ပြည့်ဖြိုးအောင်မှ လက်ထဲတွင် ကိုင်ထားသော အရပ်ခေါ် -ငရုတ်ကောင်းဖျန်း ဆေးဗူးဖြင့် ၎င်းအား ဖျန်းပက်ခဲ့သည့်အပြင် ခဲစေ့ပါ ကော်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်း နောက်စေ့ ပေါက်ပြဲ၊ ဝဲနား ရွက်အောက်ပွန်းခြစ်၊ ဝဲပါးအောက်ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့သည် ။ 

အဆိုပါ သတင်းအား ရလျှင်ရခြင်း ပြည် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ ချက်ချင်း သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ပြစ်မှုကျူးလွန်သူ (၂)ဦးအား ရပ်ကွက်နေ ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးရမိပြီးဖြစ်၍ ပြည်မြို့ အမှတ် (၁)နယ်မြေရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထား ရှိကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူရုံးက သိရသည်။ 


ဆန်းတင့် (ရေကြည်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံးရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် လုယက်သူအမျိူးးသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံးရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် လုယက်သူအမျိူးးသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:05 Rating: 5

No comments:

Powered by Blogger.