ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်တွင် ၁၀တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံး


ကော့ကရိတ်   သြဂုတ်    ၁၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းရှိ တောနော်ရေတံခွန်တွင် သြဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က လူငယ်တစ်ဦး ရေနစ်နေကြောင်း သတင်းအရ ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရ နှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ခဲ့ကြသည်။

ဖြစ်စဥ်မှာ မောင်ချစ်ဝင်းထွန်း၊၁၉နှစ်၊(ယခု၁၀တန်း အောင်)သည် သူငယ်ချင်းဖြစ်သူ မောင်မင်းအောင်ပိုင်၊ မောင်မင်းခန့်ဦး၊ မနန်းစကားဝါရွှေစင်၊ မသော်တာအေးဘို၊ မမိုးပပမိုင်၊ မဟေမာဝင်းတို့နှင့်အတူ နံနက် ၉ နာရီ ခွဲအချိန် ဆိုင်ကယ်(၄)စီးဖြင့် ထွက်လာရာ ၁၁ နာရီအချိန် တောနော် ရေတံခွန်သို့ ရောက်ရှိပြီး အမျိုးသား (၃) ဦးမှာ ရေကစားကြပြီး အမျိုးသမီး(၄)ဦးမှာ ကျောက်ဆောင်ကျောက်တုံးပေါ်တွင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။


ထိုသို့ အမျိုးသား(၃)ဦး ရေကစားနေစဥ် ၁၁ နာရီခွဲအချိန် ချစ်ဝင်းထွန်းမှာ ရေတံခွန်အောက်ခြေ ရေအိုင်၌ ရေနစ်သွားခဲ့သဖြင့် ကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

စိုးထက်အောင် (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWSa

ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်တွင် ၁၀တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံး ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်တွင် ၁၀တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံး Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.