နှစ်ရက်အတွင်း နှစ်ဦး သေဆုံးတဲ့ မန္တလေးလူငယ်သင်တန်းကျောင်း မနိုင်ဝန်ထမ်းနေရ

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့နာရေးကို တွေ့ရစဉ် / Photo: CJ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူငယ်နှစ်ဦး သေဆုံးသွားတဲ့ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ဝန်ထမ်းအင်အား နည်းပါးနေမေယ့် ပြည်ထောင်စုအစိုးရက ဝန်ထမ်းအင်အား လုံလောက်အောင် မချထားနိုင်သေးဘူးလို့ မန္တလေး တိုင်း သယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။


“ကလေးသူငယ်ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့နောက် အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ် သတ်မှတ်လိုက်တဲ့ အတွက် ပြစ်မှုပြစ်ဒဏ်ကျနေတဲ့သူတွေ အများကြီး (သင်တန်းကျောင်းကို) ရောက်လာတယ်။ ကျောင်းရဲ့ လုပ်နိုင်စွမ်းက လူ ၂၀၀ ကျော်လောက်ပဲ ဆန့်နိုင်တယ်။ ဝန်ထမ်းကလည်း အဲဒီလောက်ပမာဏပဲလုပ်နိုင်တယ်။ ကျောင်းသား ၅၀၀ လောက်ကိုထိန်းနိုင်တဲ့ ဝန်ထမ်းအင်အား ပြည်ထောင်စုက ချမပေးနိုင်ဘူး”


လုယက်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်ကျခံနေရသူ ငါးယောက်ဟာ သင်တန်းကျောင်းကို ရောက်ရှိလာပြီး ငါးရက်အကြာ ဇူလိုင် ၃၁ ရက်နေ့မှာ ထွက်ပြေးသွားခဲ့ပါတယ်။


ပြန်အဖမ်းခံရတဲ့နောက် လူငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်ငါးရက်အကြာမှာ နောက်တစ်ယောက် သေဆုံးခဲ့တာပါ။ အမှုကို တိုင်းအစိုးရက စတင်ကိုင်တွယ်နေပြီး စုံစမ်းစစ်ဆေးမှုတွေကို ဒီလအတွင်းမှာ ပြီးစီးအောင် ပြုလုပ် သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။


သေဆုံးသူနှစ်ယောက်ထဲက ကိုခိုင်ဇော်ထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးက “အမှုမှန်ဖြစ်စေချင်တယ်၊ သားက မတရားသဖြင့် ခံစားရပြီး သေသွားရတာ” လို့ ပြောပါတယ်။


ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားသလို လူ့အခွင့်ရေးကော်မရှင်ကလည်း သြဂုတ်လ ၇ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-youth-dead-08112020043654.html

နှစ်ရက်အတွင်း နှစ်ဦး သေဆုံးတဲ့ မန္တလေးလူငယ်သင်တန်းကျောင်း မနိုင်ဝန်ထမ်းနေရ  နှစ်ရက်အတွင်း နှစ်ဦး သေဆုံးတဲ့ မန္တလေးလူငယ်သင်တန်းကျောင်း မနိုင်ဝန်ထမ်းနေရ Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.