အိန္ဒိယလေယာဥ်ပျက်ကျမှု လေယာဥ်မှူးနှစ်ဦးအပါအဝင် လူ ၂၀ ကျော် သေဆုံး

ပြေးလမ်းချော်ပြီး တောင်စောင်းအောက်ကျသွားခဲ့

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာရာလာပြည်နယ်မှာ လေယာဥ်ပျက်ကျလို့ လေယာဉ်မှူးနှစ်ဦးစလုံး အပါအဝင် အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လူ ၂၀၀ နီးပါး တင်ဆောင်လာတာပါ။

အဲဒီလေယာဉ်ဟာ မိုးသည်းထန်နေစဉ်အတွင်း လေယာဉ်ဆင်းသက်ဖို့ နှစ်ကြိမ်တိုင် ကြိုးစားခဲ့အပြီး လေယာဉ်ပြေးလမ်းပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းအောက် ကျသွားခဲ့ရာကနေ လေယာဉ် နှစ်ပိုင်းကျိုးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ ပင်လယ်ကွေ့ဒေသမှာ သောင်တင်နေတဲ့ အိန္ဒိယအလုပ်သမားတွေကို ပြန်ခေါ်လာတဲ့ လေယာဉ် ဖြစ်ပါတယ်။
လေကြောင်း ခရီးစဉ် ဒစ်ဂျစ်တယ် မှတ်တမ်း ပြန်ရှာတွေ့ထားပြီ
လေကြောင်း ခရီးစဉ် ဒစ်ဂျစ်တယ် မှတ်တမ်း ပြန်ရှာတွေ့ထားပြီ

ပျက်ကျသွားတဲ့ Air India လေကြောင်းပိုင် လေယာဉ်ရဲ့ လေကြောင်း ခရီးစဉ် ဒစ်ဂျစ်တယ် မှတ်တမ်းနဲ့ လေယာဉ်မှူးအခန်းတွင်းက အသံသွင်းစက်ကို ပြန်ရှာတွေ့ခဲ့ပြီလို့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဒီလိုရှာတွေ့ခဲ့တာကြောင့် လေယာဉ်ပျက်ကျခဲ့မှုရဲ့ အကြောင်းရင်းကို ဖော်ထုတ်ရာမှာ အထောက်အကူ ဖြစ်လာစေမှာပါ။

ဒီလေယာဉ် ပျက်ကျမှုဟာ ၁၀ နှစ်တာ ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ အဆိုးဝါးဆုံး ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြီး ဖြစ်ပါတယ်။

BBC Burmese
အိန္ဒိယလေယာဥ်ပျက်ကျမှု လေယာဥ်မှူးနှစ်ဦးအပါအဝင် လူ ၂၀ ကျော် သေဆုံး အိန္ဒိယလေယာဥ်ပျက်ကျမှု လေယာဥ်မှူးနှစ်ဦးအပါအဝင် လူ ၂၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.