အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

ဝါရှင်တန်ဒီစီ လူထုချီတက် ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်း ပြောကြားနေတဲ့ Jacob Blake ရဲ့ဖခင်။ (သြဂုတ် ၂၈၊ ၂၀၂၀)


အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေအတွင်းမှာ ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရှင်းလင်းဖယ်ရှားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရ Rupert Coleville က သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

“Jacob Blake ကို ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံမှာ အာဖရိကန်-အမေရိကန်တွေ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အခါမှာ ဘယ်လောက်အထိ ခွဲခြားဆက်ဆံခံနေရပြီး အန္တရာယ်တွေ များနေသလဲ ဆိုတာကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ကြေကွဲဝမ်းနည်းစရာဖြစ်ရပ်က ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့လုပ်ငန်းတွေကြား ရှိနေတဲ့ ဆက်စပ်မှုတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့လိုတယ် ဆိုတာကို ထပ်လောင်းအတည်ပြုလိုက်တာ ဖြစ်တယ်” လို့ Rupert Coleville က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က အသက် ၂၉ နှစ်အရွယ် Jacob Blake ဟာ သူ့ရဲ့ကားပေါ်ကို တက်ဖို့လုပ်နေစဉ်မှာ ရဲက နောက်ကနေလိုက်လာပြီး သေနတ်နဲ့ အနီးကပ် ၇ ချက် ပစ်ခဲ့ပြီးတဲ့နောက် သူက အဲဒီလို ပြောကြားလိုက်တာပါ။ ရဲတပ်ဖွဲ့က အဲဒီလို ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

ဗွီဒီယိုတွေမှာ တွေ့ရတာအရတော့ ရဲတပ်ဖွဲ့ဟာ Blake ကို အင်အားသုံး နှိမ်နင်းခဲ့ပြီး အဲဒီလို အင်အားသုံးတဲ့နေရာမှာလည်း အင်အားအလွန်အကျွံ သုံးခဲ့ပုံရပြီး သေစေနိုင်တဲ့ လက်နက်ကိုင်ဆောင် အသုံးပြုတဲ့နေရာမှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း လိုက်နာခြင်းမရှိတဲ့ပုံ တွေ့ရတယ်လို့ OHCHR ပြောခွင့်ရက ပြောတယ်။

ဒါ့အပြင် Blake ကို အင်အားသုံး နှိမ်နင်းခဲ့တာဟာ လူမျိုးရေးခွဲခြားတဲ့ သဘောသဘာဝမျိုးရှိတာ အများကြီးဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-us-racism-eradication/5563058.html

အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း Reviewed by THITHTOOLWIN on 08:55 Rating: 5

No comments:

Powered by Blogger.