စစ်တွေမြို့တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး


နိရဥ္စရာ၊ သြဂုတ် ၁ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုန်တန်း အကွက်(၁) ရပ်ကွက်တွင် ယမန်နေ့ည ၁ဝ နာရီခန့်က လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ မောင်အေးဖြိုး (၁၉)နှစ်ဖြစ်သည်။ 

၎င်းမှာ ဆေးကြောင်နေသည့်အတွက် မိမိကိုယ်ကို သတ်သေခြင်းဖြစ်ကြောင်းမိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ကျွန်မက အိမ်ရှေ့ကအိမ်မှာတီဗွီထိုင်ကြည့်နေတယ်။ အဲဒီအိမ်ကအစ်မကို ကျွန်မသားလေးလေ ဆယ်နာရီလည်းထိုးနေပြီ မနက်ကလည်း ဘာမှမစားရသေးဘူး။ တစ်ခေါက်သွားကြည့်ကြမယ်ဆိုပြီး သွားကြည့်တာပါ။ အဲဒီမှာ ကြိုးဆွဲချသေနေတာတွေ့တာပါ။ သူက မူးယစ်ဆေးသုံးတော့ ဆေးကြောင်နေတယ်လို့ ပြောရမယ်။ ဆေးခန်းလည်းပြတယ်။ ဆေးလည်းပုံမှန်မသောက်ဘူး။ ဆေးတိုက်ရင် အမေပဲသောက်လို့ ပြောတယ်။ ကြမ်းခင်းမှာ ရပ်လျက်တွေ့တာ ကြိုးဆွဲချပြီး” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ဖြူက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ ဟုတ်တယ်။ ဦးလေးလည်း ဒီမနက်ကပဲသိတယ်။ ထောက်ခံချက်ပေးလိုက်လို့သိတာ။ ဘာကြောင့် အဲလိုလုပ်လည်း မသိရသေးဘူး” ဟုပြောသည်။

၎င်းတို့မိသားစုမှ စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ ကုန်တန်းရပ်ကွက်သို့ ပြောင်းလာသည်မှာ ၂ လခန့်သာ ရှိသေးကြောင်း၊ ယနေ့ သြဂုတ်လ ၁ဝ ရက်နေ့ ညနေ သုံးနာရီခန့် အဆိုပါ လူငယ်၏ အလောင်းအား သင်္ဂြိုလ်ခဲ့ကြောင်း မိခင်ဖြစ်သူ ပြောပြချက်အရသိရသည်။

အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.infoa

စစ်တွေမြို့တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး စစ်တွေမြို့တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.