အမေရိကန် အာကာသယာဉ်မှူး ၂ ဦး ကမ္ဘာမြေကို ပြန်လည်ဆင်းသက်


Space X အာကသယာဉ်ကို ဂြိုဟ်ပတ်လမ်းထဲ ပထမဆုံးမောင်းနှင်တဲ့ အာကာသယာဉ်မှူးတွေ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ရေထဲ ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။

ပထမဆုံး ပုဂ္ဂလိက အာကာသာယာဉ်တွေ ထုတ်တဲ့ Elon Mask ရဲ့ ကုမ္ပဏီက ဒီ Space X ယာဉ်ကို ထူးထူးခြားခြား စသုံးခဲ့တဲ့ ဒီစမ်းသပ်ခရီးစဉ်ဟာ ၂ လကြာမြင့်ခဲ့ပြီး မက္ကဆီကို ပင်လယ်အော်မှာ ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေ နေ့လယ်က ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

Isaias အပူပိုင်းမုန်တိုင်းကြောင့် လှိုင်းလေစထန်နေတဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ အတ္တလန္တစ်ကမ်းခြေနဲ့ မတူဘဲ လှိုင်းလေ ငြိမ်သက်နေတဲ့ ဖလော်ရီဒါနယ်စပ် ကြက်ရှာစွန်းနယ်မြေက Pansacola ကမ်းခြေနားမှာ ခုလို ဆင်းသက်နိုင်ခဲ့တာပါ။

ဒီ အာကာသယာဉ်မှူး Doug Hurley နဲ့ Bob Behnken တို့ဟာ နိုင်ငံတကာ အာကာသစခန်းကနေ စနေညပိုင်းက ထွက်ခွာလာခဲ့ကြတာပါ။

သူတို့ကလေးငယ်တွေက အမြင့်မားဆုံးနဲ့ အတောင်ပြောင်ဆုံးဖြစ်အောင် လုပ်ပါလို့ တိုက်တွန်းထားပြီး ပြန်တွေ့ဖို့ မအောင့်နိုင်တော့ဘူးလို့ ပြောထားတဲ့ အသံသွင်းခွေကို နားထောင်ပြီး အိပ်ယာနိုးကာ ဒီအပြန်ခရီးကို စမ်းသပ်ယာဉ်နဲ့ ခပ်ကြမ်းကြမ်း ခရီးနှင်ကာ ခုလို ချောချောမောမော ပြန်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Behnken ရဲ့ ၆ နှစ်အရွယ်သားလေး Theo ကလည်း စိတ်ပူမနေပါနဲ့ ဖေဖေရေ၊ မနက်ဖြန် ကောင်းကောင်းအိပ်လို့ရပါပြီ၊ မြန်မြန်သာ အိမ်ပြန်လာခဲ့ပါ၊ ကတိပေးထားတဲ့ ခွေးလေးလည်း သွားဝယ်ချင်နေပြီလို့ အသံသွင်းပြီး ပြောထားခဲ့ပါသေးတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန် အာကာသယာဉ်မှူး ၂ ဦး ကမ္ဘာမြေကို ပြန်လည်ဆင်းသက် အမေရိကန် အာကာသယာဉ်မှူး ၂ ဦး ကမ္ဘာမြေကို ပြန်လည်ဆင်းသက် Reviewed by THITHTOOLWIN on 18:28 Rating: 5

No comments:

Powered by Blogger.