မိုးကုတ်မြို့တွင် ကျောက်တွင်းထဲ ပိတ်မိပြီး လူ ၂ ဦး သေဆုံး

ဓါတ်ပုံ-မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအသင်း(မိုးကုတ်)


မိုးကုတ်ရတနာနယ်မြေ လုံကျိုကျောက်မျက် တူးဖော်ရေး လုပ်ကွက်ဟောင်းထဲရှိ ပေ၂၅၀ ခန့်ရှိတဲ့ ကျောက်တွင်းထဲ၌ ဩဂုတ်လ ၁၂ ရက်နေ့  ၃ နာရီခန့်အချိန်က လူ ၇ ဦး ကျောက်တူးရင်း တွင်းထဲတွင် ပိတ်မိပြီး ၂ ဦး သေဆုံးပြီး ၅ ဦး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မိုးကုတ်)ထံမှ သတင်းရရှိသည်။ 

ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တွင်းထဲ၌ ကျောက်တူးရင်း မြေပြိုကျမှုကြောင့် ကျောက်တူးဖော်သူ ၃ ဦး ပိတ်မိခဲ့ကာ ၂ ဥဦးလွတ်မြောက်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့သေးသည်။ 


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

မိုးကုတ်မြို့တွင် ကျောက်တွင်းထဲ ပိတ်မိပြီး လူ ၂ ဦး သေဆုံး မိုးကုတ်မြို့တွင် ကျောက်တွင်းထဲ ပိတ်မိပြီး လူ ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.