အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ

အိန္ဒိယနိုင်ငံ New Delhi က ဆေးရုံတခုမှာ COVID 19 ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဇူလိုင် ၃၁၊ ၂၀၂၀)

အာရှတလွှား COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်မှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၇၂၅ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက်ရှိပါတယ်။ အသွားအလာ ကန့်သတ်ချက် အသစ်တွေပြန်ပြီး ချထားတာကြောင့် Melbourne မြို့မှာ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သီတင်း ခြောက်ပတ် ပိတ်ထားပါတယ်။

တရက်တွင်း ရောဂါကူးစက်သူ ၅၀,၀၀၀ ကျော်နေတာ ၈ ရက် ဆက်တိုက်ရှိနေပြီဖြစ်တဲ့ အိန္ဒိယမှာ စုစုပေါင်း ကူးစက်သူ ၁.၉ သန်းကျော်ရှိပါတယ်။ ပြန်လည်ကျန်းမာလာသူက ၆၆.၃၁ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဟောင်ကောင်မှာ ဒီကနေ့ ကူးစက်သူ ၈၀ နဲ့ သေဆုံးသူ ၄ ယောက်ရှိပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်း မဖြစ်မနေတတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ နိုင်ငံတွင်း စုစုပေါင်း ကူးစက်သူ ၃,၆၀၀ ကျော်နဲ့ သေဆုံးသူက ၄၂ ယောက်ရှိပါတယ်။

တရုတ်ပြည်မကြီးမှာ ဒီကနေ့ အတည်ပြုလူနာသစ် ၂၇ ယောက်ရှိတဲ့ အထဲ ၂၂ ယောက်က ရောဂါကူးစက်မှု ဒဏ်ခံနေရနေတဲ့ Xinjiang ဒေသကဖြစ်ပြီး ကျန်တဲ့သူတွေက ပြည်ပကပြန်လာသူတွေဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် Manila နဲ့အနီးတဝိုက် ပြည်နယ် ၄ ခုမှာတော့ အစိုးရက အသွားအလာတွေကို သီတင်း နှစ် ပတ် ပြန်ပြီး တားမြစ်လိုက်ပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပြီး ပြည်တွင်းလေယာဉ် ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားတဲ့ ဒီပြည်နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက လူတွေအသွားအလာကို တင်းကြပ်ထားပြီး စောင့်ကြည့်စစ်ဆေးနေတာပါ။ ရောဂါကူးစက်သူပေါင်း ၁၁၀,၀၀၀ ကျော်ရှိနေတဲ့ ဖိလစ်ပိုင်မှာ ကျန်းမာရေး ဝန်ထမ်း ၁၀,၀၀၀ အလုပ်ခန့်အပ်ဖို့ စီစဉ်နေပြီး အစိုးရက နှာခေါင်းစည်း သန်း ၂၀ လောက် ဝေမျှပေးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ Reviewed by THITHTOOLWIN on 09:54 Rating: 5

No comments:

Powered by Blogger.