ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး


အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့် ရရေး လျှောက်ထားလိုသူတွေ ပေးဆောင်ရမယ့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်ခ တွေကို ၈၀% စျေးတက်တော့မယ်လို့ သမ္မတ Trump အစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံသားပြုမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က အခု အသစ်ထုတ်ပြန်လိုက်တဲ့ ဝန်ဆောင်ခ နှုန်းထားသစ်ဟာ လာမယ့် အောက်တိုဘာလက စပြီး အကျိုးသက်ရောက် လိမ့်မယ်လို့ မှန်းထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခကို အမေရိကန် ဒေါ်လာ (၆၄၀) ကောက်ခံရာကနေ အခု (၁၁၆၀) ထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားသူတွေကို ဒေါ်လာ ၅၀ ကောက်ခံသွားမှာပါ။

ကပ်ရောဂါကာလ ရုံးပိတ်ထားတာကြောင့် (USCIS) ဝန်ဆောင်မှု အတော်များများကို ဆိုင်းငံ့ထားတဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုငွေပြနေတာပါ။ ဒီနှစ်အစောပိုင်းတုန်းက (USCIS) အနေနဲ့ လွှတ်တော်ကို အရေးပေါ် ရန်ပုံငွေ ၁.၂ ဘီလီယံချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ USCIS ရဲ့ အဆိုအရ အခုလို ဝန်ဆောင်ခတွေတိုးမြှင့်ကောက်ခံတာကြောင့် ဝန်ထမ်းတွေကို လခပေးဖို့၊ နည်းပညာပိုင်းနဲ့ လုပ်ငန်းတွေပြီးမြောက်အောင် အထောက်အကူဖြစ်မှာ ဖြစ်ကြောင်းပြောပါတယ်။

တခြား အစိုးရဌာနတွေနဲ့ မတူတာက USCIS ရဲ့ လုပ်ငန်း အားလုံးကို ဝန်ဆောင်ခကောက်ခံရတဲ့ ရန်ပုံငွေတွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ဆောင်ခတွေဟာ နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်း အဆမတန် မြင့်တက်လာတာပါ။ ၁၉၉၀ တုန်းက နိုင်ငံသားဖြစ်ခွင့်ရဖို့ လျှောက်တဲ့ ဝန်ဆောင်ခက အမေရိကန် ဒေါ်လာ ၁၀၀ အောက်မှာသာ ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/uscis-immigration-service-fees-increase-/5526156.html
ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး ကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်ခတချို့ ၈၀ ရာခိုင်နှုန်းတိုး Reviewed by THITHTOOLWIN on 06:16 Rating: 5
Powered by Blogger.