ရခိုင်ဒေသ တိုက်ပွဲတချို့နဲ့ ပတ်သက်ပြီး တပ်နဲ့ AA သတင်းထုတ်ပြန်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီး သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တပ်မတော်သားတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေဟာ ဘူးသီးတောင် အခြေစိုက် ခလရ ၂၆၃ တပ်ရင်းကဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

  မောင်တောမြို့နယ်ဘက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲဝင်တွေကို AA က ချောင်းမြောင်းတိုက်ခိုက်တာကြောင့် သေဆုံးဒဏ်ရာရသူ တစ်ချို့ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

 ဖမ်းဆီးထားတယ်ဆိုတဲ့ ခြောက်ဦးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ AA  ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ 

RFA Burmese
ရခိုင်ဒေသ တိုက်ပွဲတချို့နဲ့ ပတ်သက်ပြီး တပ်နဲ့ AA သတင်းထုတ်ပြန် ရခိုင်ဒေသ တိုက်ပွဲတချို့နဲ့ ပတ်သက်ပြီး တပ်နဲ့ AA သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 09:44 Rating: 5

No comments:

Powered by Blogger.