ကိုဗစ်က ရာသီတုပ်ကွေးနဲ့ မတူကြောင်း WHO ပြော



Share/Bookmark
ဇူလိုင် ၂၈ ရက်နေ့က NIH (National Institute of Allergy and Infectious Diseases/NIAID) တွေ့ရှိချက်အရ COVID လူနာမှာ တွေ့ရတဲ့ အနီရောင် SARS-CoV-2 ပိုး ပုံ။
COVID 19 ကပ်ရောဂါဟာ တစ်ကြိမ်တစ်ခါသာ လာတဲ့ အသွင်ကြီးမားတဲ့ လှိုင်းလုံးကြီး တစ်ခုဖြစ်သလို ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ် တာကြောင့် နှစ်စဉ်ဖြစ်တဲ့ ရာသီတုပ်ကွေးတွေနဲ့ မတူဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။

“လူတွေက ရာသီတွေအလိုက် စဉ်းစားနေကြပါတယ်။ တကယ်တော့ ဒီ ဗိုင်းရပ်စ်က အသစ်ဖြစ်တယ် ဆိုတာကို ကျွန်မတို့ နားလည်ဖို့ လိုသလို တမူထူး ခြားတဲ့ ဗိုင်းရပ်စ်လည်း ဖြစ်ပါတယ်” လို့ WHO အဖွဲ့ ပြောခွင့်ရ Margaret Harris က ဂျီနီဗာမြို့မှာ ဗွီဒီယိုကတဆင့် လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီ ဗိုင်းရပ်စ်က ရာသီအလိုက်ဖြစ်တာ မဟုတ်တာကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းက နိုင်ငံတွေအနေနဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တယ် ဆိုပြီး နွေရာသီမှာ ပေါ့ပေါ့ဆဆ မနေဖို့ကိုလည်း သူက သတိပေး လိုက်ပါတယ်။

လောလောဆယ် ဟောင်ကောင်မှာ COVID-19 ပြန်ကူးစက် ဖြစ်ပွားနေတာမျိုးကို ဒုတိယလှိုင်းအဖြစ် ခေါ်ဝေါ်နေတာက ဒီဗိုင်းရပ်စ်ကို လူသားတွေ မထိန်းချုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက် နေတာကြောင့် WHO တာဝန်ရှိသူတွေက နောက်တစ်ကြိမ်လှိုင်းလုံးအဖြစ် သုံးစွဲ ခေါ်ဝေါ် တာကို ရှောင်ရှားလိုက်တာ ဖြစ်ပါတယ်။ ရောဂါတားဆီးရေးကို အားလုံးက တစ်ပြိင်နက်တည်းလုပ်ဆောင်ရင် ကူးစက်မှုကို နှေးကွေးအောင် လုပ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

Margaret Harris က “ကျွန်မတို့ အခုအချိန်အထိ ပထမ လှိုင်းမှာပဲ ရှိနေသေးကြောင်း” ထပ်ခါတစ်လဲလဲ ပြောကြားခဲ့ပြီး အခုကြုံတွေ့နေရတဲ့ လှိုင်းက အတော်ကြီးမားမယ့် လှိုင်းဖြစ်သလို အတက်အကျတွေလည်း ရှိမယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ နွေရာသီ အလယ်မှာ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေတာကို ထောက်ပြပြီး လူစုလူဝေးကို ရှောင်ရှားဖို့နဲ့ ရောဂါ တားဆီး ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။ နွေရာသီက ပြဿနာတစ်ခုဖြစ်လာနေကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်က ရာသီအားလုံးကို ပျော်မွေ့တဲ့ ဗိုင်းရပ်စ် ဖြစ်တယ်လည်း Margaret Harris က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-is-not-sesonal-flu-/5521734.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ