TikTok ကုမ္မဏီ ဟောင်ကောင်စျေးကွက်က ထွက်ခွာ


(Unicode)⤵⤵⤵
ဟောင်ကောင်မှာ တရုတ်အစိုးရက အမျိုးသား လုံခြုံရေး ဥပဒေကို ပြဌာန်း ပြီးတဲ့ နောက် TikTok ကုမ္ပဏီက ဟောင် ကောင် ဈေးကွက်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗွီဒီယိုရိုက်ကွက်အတိုလေးတွေ ဖန်တီးနိုင်တဲ့ လူသုံးများတဲ့ TikTok application ကုမ္ပဏီက ဟောင်ကောင်က လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်မယ်လို့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Facebook, Google နဲ့ Twitter တို့က ဟောင်ကောင်က သုံးစွဲသူတွေနဲ့ အချက်အလက် တွေကို တရုတ်ပြည်မကြီးကို စိစစ်ပေးပို့တဲ့ လုပ်ငန်းကို ရပ်ဆိုင်းပစ်မယ်လို့ ကြေညာအပြီးမှာ အခုလို TikTok ရဲ့ ဆုံးဖြတ်ချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကြီးတွေကို တရုတ်ပြည်မကြီးမှာ ပိတ်ပင်ထားပေမဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဟောင်ကောင်မှာတော့ အသုံးပြုလို့ ရပါတယ်။

TikTok ကို တရုတ်အခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်ပြီး တရုတ်နိုင်ငံထဲ အသုံးပြုခွင့် မရရှိဘဲ သူ့ရဲ့ ကုမ္ပဏီခွဲ Douyin ကိုသာ သုံးလို့ရပါတယ်။

TikTok သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ တရုတ်အစိုးရက ရရှိနိုင်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို TikTok ရဲ့ ဆာဗာ ဟာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာ ရှိတယ်ဆိုပြီး ငြင်းဆိုထားတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကတော့ TikTok နဲ့ တခြား တရုတ် လူမှုမီဒီယာ Applications တွေကို အမေရိကန်နိုင်ငံက ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့လည် တနင်္လာနေ့က ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------
(Zawgyi)⤵⤵⤵
TikTok ကုမၼဏီ ေဟာင္ေကာင္ေစ်းကြက္က ထြက္ခြာ

ေဟာင္ေကာင္မွာ တ႐ုတ္အစိုးရက အမ်ိဳးသား လုံၿခဳံေရး ဥပေဒကို ျပဌာန္း ၿပီးတဲ့ ေနာက္ TikTok ကုမၸဏီက ေဟာင္ ေကာင္ ေဈးကြက္ကေန ထြက္ခြာေတာ့မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဗြီဒီယို႐ိုက္ကြက္အတိုေလးေတြ ဖန္တီးႏိုင္တဲ့ လူသုံးမ်ားတဲ့ TikTok application ကုမၸဏီက ေဟာင္ေကာင္က လုပ္ငန္းေတြကို ရပ္ဆိုင္းပစ္မယ္လို႔ အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္ ေျပာၾကား ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ နည္းပညာ ကုမၸဏီႀကီးေတြ ျဖစ္တဲ့ Facebook, Google နဲ႔ Twitter တို႔က ေဟာင္ေကာင္က သုံးစြဲသူေတြနဲ႔ အခ်က္အလက္ ေတြကို တ႐ုတ္ျပည္မႀကီးကို စိစစ္ေပးပို႔တဲ့ လုပ္ငန္းကို ရပ္ဆိုင္းပစ္မယ္လို႔ ေၾကညာအၿပီးမွာ အခုလို TikTok ရဲ႕ ဆုံးျဖတ္ခ်က္ ထြက္လာတာလည္း ျဖစ္ပါတယ္။ အဲဒီ ကုမၸဏီႀကီးေတြကို တ႐ုတ္ျပည္မႀကီးမွာ ပိတ္ပင္ထားေပမဲ့ တစ္စိတ္တစ္ပိုင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတဲ့ ေဟာင္ေကာင္မွာေတာ့ အသုံးျပဳလို႔ ရပါတယ္။

TikTok ကို တ႐ုတ္အေျခစိုက္ ByteDance ကုမၸဏီက ပိုင္ဆိုင္တာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံထဲ အသုံးျပဳခြင့္ မရရွိဘဲ သူ႔ရဲ႕ ကုမၸဏီခြဲ Douyin ကိုသာ သုံးလို႔ရပါတယ္။

TikTok သုံးစြဲသူေတြရဲ႕ သတင္းအခ်က္အလက္ေတြ တ႐ုတ္အစိုးရက ရရွိႏိုင္တယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြကို TikTok ရဲ႕ ဆာဗာ ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ျပင္ပမွာ ရွိတယ္ဆိုၿပီး ျငင္းဆိုထားတာပါ။

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ကေတာ့ TikTok နဲ႔ တျခား တ႐ုတ္ လူမႈမီဒီယာ Applications ေတြကို အေမရိကန္ႏိုင္ငံက ပိတ္ပင္ဖို႔ စဥ္းစားေနတယ္လို႔လည္ တနလၤာေန႔က ေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/tiktok-leave-hongkong-/5494117.html
TikTok ကုမ္မဏီ ဟောင်ကောင်စျေးကွက်က ထွက်ခွာ TikTok ကုမ္မဏီ ဟောင်ကောင်စျေးကွက်က ထွက်ခွာ Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.