မဲဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအသုံးပြုဦးမည်ဟု NLD ပါတီ ပြော


(Unicode)⤵⤵⤵
 အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းပုံကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ ဇူလိုင်လ (၂)ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာပြောကြားခဲ့တာပါ။

“ ဗိုလ်ချုပ်ပုံကို ကျွန်တော်တို့ သုံးတာက အရင် (၉၀) ရွေးကောက်ပွဲ ကတည်းကိုက သုံးခဲ့တာဆိုတော့ အစဉ်အလာအရလည်း သုံးခဲ့တာရှိတယ်၊ သမိုင်းကြောင်းအရလည်း သုံးခဲ့တယ်။ အဲ့ဒီအတွက် ဆက်ပြီးသုံးမှာပါ။ “ လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီလို အသုံးပြုတာကလည်း ပါတီခေါင်းဆောင်ရဲ့ ဖခင်ဖြစ်တာရယ် အမျိုးသား ခေါင်းဆောင် ဖြစ်တာရယ်ကြောင့် သိတတ်မှုနဲ့ သုံးတာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
“ ဒါက NLD ရဲ့မှုတော့ မဟုတ်ပါဘူး။ သိတတ်မှုရယ်၊ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ ဖခင် ဖြစ်တာရယ်နဲ့ အမျိုးသားခေါင်းဆောင်တစ်ဦး  အနေနဲ့ သုံးတာပါ” လို့  ပြောပါတယ်။

ပါတီတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ အသုံးပြုပြီး မဲဆွယ်တာမလုပ်ဖို့ ပါတီအချို့က ပြောဆိုကန့်ကွက် တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက် မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ 

သတင်း- ငြိမ်းချမ်းအောင် / One News Myanmar
-----------------------------------------------
(Zawgyi)⤵⤵⤵
မဲဆြဲရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံအသုံးျပဳဦးမည္ဟု NLD ပါတီ ေျပာ

 အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးရာမွာ အမ်ိဳးသား ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံကို အသုံးျပဳသြားမွာ ျဖစ္တယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ ဇူလိုင္လ (၂)ရက္ေန႔က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာထဲမွာ ျပဳလုပ္တဲ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးအၿပီးမွာေျပာၾကားခဲ့တာပါ။

“ ဗိုလ္ခ်ဳပ္ပုံကို ကြၽန္ေတာ္တို႔ သုံးတာက အရင္ (၉၀) ေ႐ြးေကာက္ပြဲ ကတည္းကိုက သုံးခဲ့တာဆိုေတာ့ အစဥ္အလာအရလည္း သုံးခဲ့တာရွိတယ္၊ သမိုင္းေၾကာင္းအရလည္း သုံးခဲ့တယ္။ အဲ့ဒီအတြက္ ဆက္ၿပီးသုံးမွာပါ။ “ လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒီလို အသုံးျပဳတာကလည္း ပါတီေခါင္းေဆာင္ရဲ႕ ဖခင္ျဖစ္တာရယ္ အမ်ိဳးသား ေခါင္းေဆာင္ ျဖစ္တာရယ္ေၾကာင့္ သိတတ္မႈနဲ႔ သုံးတာျဖစ္တယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။
“ ဒါက NLD ရဲ႕မႈေတာ့ မဟုတ္ပါဘူး။ သိတတ္မႈရယ္၊ ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ရဲ႕ ဖခင္ ျဖစ္တာရယ္နဲ႔ အမ်ိဳးသားေခါင္းေဆာင္တစ္ဦး  အေနနဲ႔ သုံးတာပါ” လို႔  ေျပာပါတယ္။

ပါတီေတြအေနနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးရာမွာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံ အသုံးျပဳၿပီး မဲဆြယ္တာမလုပ္ဖို႔ ပါတီအခ်ိဳ႕က ေျပာဆိုကန႔္ကြက္ တာေတြလည္း ရွိေနတာ ျဖစ္ပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ (၈)ရက္ မွာ က်င္းပသြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားပါတယ္။ 

သတင္း- ၿငိမ္းခ်မ္းေအာင္ / One News Myanmar
https://www.facebook.com/onenewsmyan
မဲဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအသုံးပြုဦးမည်ဟု NLD ပါတီ ပြော မဲဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအသုံးပြုဦးမည်ဟု NLD ပါတီ ပြော Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.