ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေစမယ်လို့ NLD ထုတ်ပြန်

ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးဆင်းခဲ့စဉ်
(Unicode)⤵⤵⤵
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့ ဇူလိုင်၂ ရက်က စပြီး ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ကြေညာပါတယ်။

ဇူလိုင် ၂ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက အခုလိုဆုံးဖြတ်လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအနေနဲ့ ဇူလိုင် ၁ ရက်ကစလို့ ပါတီစည်းရုံးရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေလုပ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ၁၁၇ /၂၂၀ မှာတော့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေဟာ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နဲ့ ပုဒ်မ ၁၂၁ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးရေးကာလ
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာလည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲကြေညာတဲ့နေ့ကစလို့ ဥပဒေနဲ့အညီ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတွေမှာလည်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ အစိုးရခရီးစဉ်တွေနဲ့ ပတ်သက်ပြီး မဲဆွယ်တယ်လို့ အငြင်းပွားမှုတချို့ရှိခဲ့တဲ့အတွက် ကော်မရှင် တာဝန်ရှိသူတွေက ထုတ်ပြန်ချက်တွေထုတ်ပြီး ဖြေရှင်းခဲ့ရပါတယ်။

ဒီတစ်ခေါက်မှာတော့ ရွေးကောက်ပွဲမတိုင်ခင် လေးလအလိုမှာ ဒီအချက်ကို ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်နဲ့အတူ တစ်ပြိုင်တည်း ကြေညာလာတာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတအပါအဝင် ရွေးကောက်ပွဲဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေအားလုံး ပါတီလုပ်ငန်းတွေကို ဇူလိုင် ၁ ရက်ကစလို့ လုပ်ခွင့်ရှိပြီ ဖြစ်ပါတယ်။
နိုင်ငံပိုင်အဆောင်အယောင်တွေကို သုံးစွဲတာမျိုးကို ရှောင်ကြဉ် သတိထားသင့်တယ်လို့ စောင့်ကြည့်သူတွေသတိပေး
ဒီခွင့်ပြုချက်က အဓိကပြသနာမဟုတ်ပေမဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေအနေနဲ့ ပါတီနဲ့နယ်မြေ စည်းရုံးရေးတွေလုပ်တဲ့အခါ နိုင်ငံပိုင်အဆောင်အယောင်တွေကို သုံးစွဲတာမျိုးကို ရှောင်ကြဉ် သတိထားသင့်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဘီဘီစီကို ပြောပါတယ်။

"ဥပမာ သူတို့စည်းရုံးရေးသွားတဲ့အခါ အစိုးရဘက်ဂျက်ကသုံးတာလား၊ ကိုယ်ပိုင်စားရိတ်က သုံးတာလား၊နိုင်ငံပိုင် အရင်းအမြစ်တွေကို ပါတီတစ်ခုအတွက် သုံးစွဲခွင့်မရှိဘူးဆိုပြီး ကျင့်ဝတ်မှာပြဋ္ဌာန်းထားတယ်၊ အဲဒါက ပိုအရေးကြီးတယ်လို့ထင်တယ်။ နိုင်ငံတော် နိုင်ငံတော်သမ္မတတို့ ဝန်ကြီးတို့ဆိုတာ ပါတီရဲ့အဆောင်အယောင် မဟုတ်တော့ဘူး။ ဒီတော့ စည်းရုံးရေးသွားတဲ့အခါ သူရဲ့အသုံးစရိတ်တွေကို အများပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိစွာ ပြမယ်ဆိုရင် ပြေလည်သွားမယ်"လို့လည်း သူက ပြောပါတယ်။

မဲဆွယ်ကာလတောင် မရောက်သေးဘဲ ခုလို ရွေးကောက်ပွဲအကြိုကာလမှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ပါတီမှာ ကျန်ခဲ့တဲ့သူတွေကသာ လုပ်သင့်ပြီး အုပ်ချုပ်ရေးမှာ ပါဝင်နေတဲ့ ပါတီဝင်တွေက မလုပ်သင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်မတို့ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က ညွန်ကြားထားတာက ပါတီဝင်တွေ စည်းရုံးလို့ရတယ်၊ ပါတီနယ်မြေတွေ စည်းရုံးလို့ရတယ်၊ ရပ်ကျေးဆိုင်းဘုတ်တွေ ထောင်လို့ရတယ်။ အဲဒါကို နိုင်ငံတော်သမ္မတတို့ အုပ်ချုပ်ရေးပိုင်းတို့က လူတွေက ဝင်လုပ်နေရင် နိုင်ငံ့အရေးထက် ပါတီအရေးကို ဦးစားပေးရာ ရောက်တယ်"လို့လည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကြေညာချက် ၁၁၇ /၂၂၀မှာပါတဲ့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေဟာ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နဲ့ ပုဒ်မ၁၂၁ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခွင့်ရှိတယ်ဆိုတာဟာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။

အခြေခံဥပဒေပုဒ်မ ၁၂၀ မှာ အသက်၂၅နှစ်ပြည့်ပြီးသူ နိုင်ငံသား မိဘနှစ်ပါးကမွေးပြီး နိုင်ငံသားဖြစ်သူ၊နိုင်ငံမှာ တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခဲ့သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပြည့်စုံသူတို့ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံနိုင်တယ်လို့ ဖော်ပြထားတာပါ။

အခြေခံဥပဒေပုဒ်မ ၁၂၁ ကတော့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခွင့်မရှိသူတွေအတွက် သတ်မှတ်ချက်ဖြစ်ပါတယ်။

အဲဒီထဲမှာ ပြစ်မှုတစ်ခုခု ကျူးလွန်ပြီး ထောင်ကျနေသူ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အရည်အချင်းပျက်ယွင်းစေတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံးက ကြေညာခံထားရသူ၊ နိုင်ငံခြားသား၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်း၊နိုင်ငံတော်ပိုင်ငွေကြေးနဲ့ မြေ၊အိမ်၊ယာဉ် အဆောက်အအုံတွေနဲ့ပတ်သက်ပြီး သုံးစွဲမှုရှိသူတွေနဲ့ပတ်သက် ပြီး ကန့်သတ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် ၁၁၇ /၂၂၀ အရ အစိုးရအဖွဲ့ဝင်တစ်ဦးဦးဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့် တို့ဟာ ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာနဲ့ ပတ်သက်လို့တော့ ဇူလိုင်၂ ရက်နေ့ ဗဟိုအလုပ်မှုဆောင်အစည်းဝေးမှာ ဆွေးနွေးတာမရှိဘူးလို့ NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြငိ့မောင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြစမယ္လို႔ NLD ထုတ္ျပန္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဒုတိယဥကၠ႒(၁) ဦးဝင္းျမင့္တို႔ ဇူလိုင္၂ ရက္က စၿပီး ပါတီစည္း႐ုံးေရးနဲ႔ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကို စတင္ေဆာင္႐ြက္မယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD က ထုတ္ျပန္ေၾကညာပါတယ္။

ဇူလိုင္ ၂ရက္က ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ NLD ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးက အခုလိုဆုံးျဖတ္လိုက္တာလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္ေတြအေနနဲ႔ ဇူလိုင္ ၁ ရက္ကစလို႔ ပါတီစည္း႐ုံးေရးနဲ႔ မဲဆြယ္စည္း႐ုံးေရးေတြလုပ္ခြင့္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကထုတ္ျပန္တဲ့ ေၾကညာခ်က္အမွတ္ ၁၁၇ /၂၂၀ မွာေတာ့ ျပည္ေထာင္စု အဆင့္ ပုဂၢိဳလ္ေတြဟာ အေျခခံဥပေဒ ပုဒ္မ ၁၂၀ နဲ႔ ပုဒ္မ ၁၂၁ ျပ႒ာန္းခ်က္ေတြနဲ႔ကိုက္ညီရင္ မဲဆြယ္စည္း႐ုံးေရးေတြ လုပ္ခြင့္ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒမွာလည္း ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္ေတြ ေ႐ြးေကာက္ပြဲဝင္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲေၾကညာတဲ့ေန႔ကစလို႔ ဥပေဒနဲ႔အညီ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ လုပ္ခြင့္ရတယ္လို႔ ျပ႒ာန္းထားပါတယ္။

၂၀၁၀ နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲအႀကိဳကာလေတြမွာလည္း ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္ေတြရဲ႕ အစိုးရခရီးစဥ္ေတြနဲ႔ ပတ္သက္ၿပီး မဲဆြယ္တယ္လို႔ အျငင္းပြားမႈတခ်ိဳ႕ရွိခဲ့တဲ့အတြက္ ေကာ္မရွင္ တာဝန္ရွိသူေတြက ထုတ္ျပန္ခ်က္ေတြထုတ္ၿပီး ေျဖရွင္းခဲ့ရပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေ႐ြးေကာက္ပြဲမတိုင္ခင္ ေလးလအလိုမွာ ဒီအခ်က္ကို ေကာ္မရွင္က ေ႐ြးေကာက္ပြဲ က်င္းပမယ့္ေန႔ရက္နဲ႔အတူ တစ္ၿပိဳင္တည္း ေၾကညာလာတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သမၼတအပါအဝင္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ အစိုးရအဖြဲ႕ဝင္ေတြအားလုံး ပါတီလုပ္ငန္းေတြကို ဇူလိုင္ ၁ ရက္ကစလို႔ လုပ္ခြင့္ရွိၿပီ ျဖစ္ပါတယ္။
ႏိုင္ငံပိုင္အေဆာင္အေယာင္ေတြကို သုံးစြဲတာမ်ိဳးကို ေရွာင္ၾကဥ္ သတိထားသင့္တယ္

ဒီခြင့္ျပဳခ်က္က အဓိကျပသနာမဟုတ္ေပမဲ့ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္ေတြအေနနဲ႔ ပါတီနဲ႔နယ္ေျမ စည္း႐ုံးေရးေတြလုပ္တဲ့အခါ ႏိုင္ငံပိုင္အေဆာင္အေယာင္ေတြကို သုံးစြဲတာမ်ိဳးကို ေရွာင္ၾကဥ္ သတိထားသင့္တယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးစိုင္းရဲေက်ာ္စြာျမင့္က ဘီဘီစီကို ေျပာပါတယ္။

"ဥပမာ သူတို႔စည္း႐ုံးေရးသြားတဲ့အခါ အစိုးရဘက္ဂ်က္ကသုံးတာလား၊ ကိုယ္ပိုင္စားရိတ္က သုံးတာလား၊ႏိုင္ငံပိုင္ အရင္းအျမစ္ေတြကို ပါတီတစ္ခုအတြက္ သုံးစြဲခြင့္မရွိဘူးဆိုၿပီး က်င့္ဝတ္မွာျပ႒ာန္းထားတယ္၊ အဲဒါက ပိုအေရးႀကီးတယ္လို႔ထင္တယ္။ ႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတတို႔ ဝန္ႀကီးတို႔ဆိုတာ ပါတီရဲ႕အေဆာင္အေယာင္ မဟုတ္ေတာ့ဘူး။ ဒီေတာ့ စည္း႐ုံးေရးသြားတဲ့အခါ သူရဲ႕အသုံးစရိတ္ေတြကို အမ်ားျပည္သူသိေအာင္ ပြင့္လင္းျမင္သာမႈရွိစြာ ျပမယ္ဆိုရင္ ေျပလည္သြားမယ္"လို႔လည္း သူက ေျပာပါတယ္။

မဲဆြယ္ကာလေတာင္ မေရာက္ေသးဘဲ ခုလို ေ႐ြးေကာက္ပြဲအႀကိဳကာလမွာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြကို ပါတီမွာ က်န္ခဲ့တဲ့သူေတြကသာ လုပ္သင့္ၿပီး အုပ္ခ်ဳပ္ေရးမွာ ပါဝင္ေနတဲ့ ပါတီဝင္ေတြက မလုပ္သင့္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္က ဘီဘီစီကို ေျပာပါတယ္။

"ကြၽန္မတို႔ပါတီေတြကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၫြန္ၾကားထားတာက ပါတီဝင္ေတြ စည္း႐ုံးလို႔ရတယ္၊ ပါတီနယ္ေျမေတြ စည္း႐ုံးလို႔ရတယ္၊ ရပ္ေက်းဆိုင္းဘုတ္ေတြ ေထာင္လို႔ရတယ္။ အဲဒါကို ႏိုင္ငံေတာ္သမၼတတို႔ အုပ္ခ်ဳပ္ေရးပိုင္းတို႔က လူေတြက ဝင္လုပ္ေနရင္ ႏိုင္ငံ့အေရးထက္ ပါတီအေရးကို ဦးစားေပးရာ ေရာက္တယ္"လို႔လည္း သူက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ စုေဝးေဟာေျပာျခင္းနဲ႔ မဲဆြယ္စည္း႐ုံးခြင့္ကိုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အတည္ျပဳၿပီးတဲ့ေနာက္ပိုင္းမွာ ထုတ္ျပန္ေပးမယ္လို႔ ေကာ္မရွင္ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ ၁၁၇ /၂၂၀မွာပါတဲ့ ျပည္ေထာင္စု အဆင့္ ပုဂၢိဳလ္ေတြဟာ အေျခခံဥပေဒ ပုဒ္မ ၁၂၀ နဲ႔ ပုဒ္မ၁၂၁ ျပ႒ာန္းခ်က္ေတြနဲ႔ကိုက္ညီရင္ မဲဆြယ္စည္း႐ုံးေရးေတြ လုပ္ခြင့္ရွိတယ္ဆိုတာဟာ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ရာမွာ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြ ျဖစ္ပါတယ္။

အေျခခံဥပေဒပုဒ္မ ၁၂၀ မွာ အသက္၂၅ႏွစ္ျပည့္ၿပီးသူ ႏိုင္ငံသား မိဘႏွစ္ပါးကေမြးၿပီး ႏိုင္ငံသားျဖစ္သူ၊ႏိုင္ငံမွာ တစ္ဆက္တည္း ၁၀ ႏွစ္ ေနထိုင္ခဲ့သူ၊ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒေတြနဲ႔ ျပည့္စုံသူတို႔ဟာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ခံႏိုင္တယ္လို႔ ေဖာ္ျပထားတာပါ။

အေျခခံဥပေဒပုဒ္မ ၁၂၁ ကေတာ့ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ တင္ေျမႇာက္ခြင့္မရွိသူေတြအတြက္ သတ္မွတ္ခ်က္ျဖစ္ပါတယ္။

အဲဒီထဲမွာ ျပစ္မႈတစ္ခုခု က်ဴးလြန္ၿပီး ေထာင္က်ေနသူ၊ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ အရည္အခ်င္းပ်က္ယြင္းေစတဲ့ျပစ္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရသူ၊ စိတ္ေပါ့သြပ္သူ၊ လူမြဲအျဖစ္ သက္ဆိုင္ရာတရား႐ုံးက ေၾကညာခံထားရသူ၊ ႏိုင္ငံျခားသား၊ သာသနာ့ဝန္ထမ္း၊ ႏိုင္ငံဝန္ထမ္း၊ႏိုင္ငံေတာ္ပိုင္ေငြေၾကးနဲ႔ ေျမ၊အိမ္၊ယာဥ္ အေဆာက္အအုံေတြနဲ႔ပတ္သက္ၿပီး သုံးစြဲမႈရွိသူေတြနဲ႔ပတ္သက္ ၿပီး ကန္႔သတ္ထားတာျဖစ္ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေၾကညာခ်က္ ၁၁၇ /၂၂၀ အရ အစိုးရအဖြဲ႕ဝင္တစ္ဦးဦးဟာ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးနဲ႔ နယ္ေျမ စည္း႐ုံးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဒုတိယဥကၠ႒(၁) ဦးဝင္းျမင့္ တို႔ဟာ ေ႐ြးေကာက္ပြဲ ဝင္မဝင္ဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ ဇူလိုင္၂ ရက္ေန႔ ဗဟိုအလုပ္မႈေဆာင္အစည္းေဝးမွာ ေဆြးေႏြးတာမရွိဘူးလို႔ NLD ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမငိ့ေမာင္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53267525
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေစမယ်လို့ NLD ထုတ်ပြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေစမယ်လို့ NLD ထုတ်ပြန် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.