ဝါးခယ်မမြို့ NLD အမှုဆောင်အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်ဆိုင်း

NLD ပါတီရဲ့  ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးကို စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီတာဝန်က ရပ်စဲလိုက်တယ်လို့ NLD ပါတီက ပြောပါတယ်။

ရွေးကောက်ပွဲနီးလာလို့ အမတ်လောင်းတွေ ရွေးချယ်နေတဲ့အချိန်မှာ အာဏာရပါတီ NLD က ဧရာဝတီတိုင်းထဲက မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ကို ပါတီက ထုတ်ပယ်တာ၊ တာဝန်က ရပ်ဆိုင်းတာတွေ ရှိလာနေပါတယ်။

ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ကျော်နဲ့ ဥက္ကဋ္ဌကို ပါတီတာဝန်က ရပ်စဲပြီး အတွင်းရေးမှူးကို ပါတီက ထုတ်ပယ်လိုက်တာဟာ ငွေကြေးကိစ္စနဲ့ သက်ဆိုင်နေတယ်လို့ NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

မြောင်းမြခရိုင် အလုပ်အမှုဆောင်အဖွဲ့  သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးသန့်ဇင်ဝင်းကတော့  အရေးယူခံရသူတွေက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်ကြတာကြောင့် ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိအောင်  စာပေးပို့ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တာဝန်ကနေ ရပ်နားလိုက်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ရပ်နားတယ်ဆိုတာကို တစ်စုံတစ်ရာ မသိရှိသေးဘူးလို့ ပြောပါတယ်။ တာဝန်က ရပ်စဲခံလိုက်ရတဲ့ထဲမှာ ပါဝင်တဲ့ ဘဏ္ဏာရေးမှူး ဦးဌေးအောင်က ပါတီဗဟိုက ဝါးခယ်မမြို့နယ်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ပြီးပါက ပြဿနာတွေ အမြောက်အများတက်နိုင်တယ်လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ် NLD ဥက္ကဋ္ဌရဲ့ ထောက်ပံ့ကြေးကိစ္စတွေကို ပါတီဗဟိုက စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကလည်း စိတ်မပူစရာမရှိဘူးလို့ ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။

မြို့နယ်အလုပ်အမှုဆောင်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး NLD တိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ကတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ NLD ပါတီအတွင်း ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပါ။ ရန်ကုန်တိုင်း၊  ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး၊  ဒဂုံမြို့နယ်က ထင်ရှားတဲ့ လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးကျော်ဇေယျ၊ ဒေါ်သက်သက်ခိုင်တို့ကို မကြာသေးခင်က ပါတီတွင်း အရေးယူမှုတွေရှိခဲ့ပါတယ်။ ဒေါ်သက်သက်ခိုင်က   NLD ကနေ ထွက်လာပြီးနောက်မှာ ပါတီသစ် ထူထောင်ခဲ့ပြီးနောက် ဦးကျော်ဇေယျက သူနဲ့ပူးပေါင်းခဲ့ပါတယ်။

အောင်သိင်္ခ / RFA Burmese
-------------------------------------

ဝါးခယ္မၿမိဳ႕ NLD အမႈေဆာင္အဖြဲ႕ဝင္ေတြကို တာဝန္ကေန ရပ္ဆိုင္း

NLD ပါတီရဲ႕  ဧရာဝတီတိုင္း ဝါးခယ္မၿမိဳ႕နယ္ ပါတီအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြအားလုံးကို စည္းမ်ဥ္းစည္းကမ္းေတြကို ေဖာက္ဖ်က္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပါတီတာဝန္က ရပ္စဲလိုက္တယ္လို႔ NLD ပါတီက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲနီးလာလို႔ အမတ္ေလာင္းေတြ ေ႐ြးခ်ယ္ေနတဲ့အခ်ိန္မွာ အာဏာရပါတီ NLD က ဧရာဝတီတိုင္းထဲက ၿမိဳ႕နယ္အဆင့္ အလုပ္အမႈေဆာင္အဖြဲ႕ဝင္တခ်ိဳ႕ကို ပါတီက ထုတ္ပယ္တာ၊ တာဝန္က ရပ္ဆိုင္းတာေတြ ရွိလာေနပါတယ္။

ဝါးခယ္မၿမိဳ႕နယ္ ပါတီအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ၂၀ ေက်ာ္နဲ႔ ဥကၠ႒ကို ပါတီတာဝန္က ရပ္စဲၿပီး အတြင္းေရးမႉးကို ပါတီက ထုတ္ပယ္လိုက္တာဟာ ေငြေၾကးကိစၥနဲ႔ သက္ဆိုင္ေနတယ္လို႔ NLD ပါတီရဲ႕ ျပန္ၾကားေရး တာဝန္ခံ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

ေျမာင္းျမခ႐ိုင္ အလုပ္အမႈေဆာင္အဖြဲ႕  သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဦးသန႔္ဇင္ဝင္းကေတာ့  အေရးယူခံရသူေတြက ပါတီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး မေက်နပ္ၾကတာေၾကာင့္ ပါတီဥကၠ႒လည္းျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သိေအာင္  စာေပးပို႔ တိုင္ၾကားသြားမယ္လို႔ ေျပာပါတယ္။

တာဝန္ကေန ရပ္နားလိုက္တာနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ ရပ္နားတယ္ဆိုတာကို တစ္စုံတစ္ရာ မသိရွိေသးဘူးလို႔ ေျပာပါတယ္။ တာဝန္က ရပ္စဲခံလိုက္ရတဲ့ထဲမွာ ပါဝင္တဲ့ ဘဏၰာေရးမႉး ဦးေဌးေအာင္က ပါတီဗဟိုက ဝါးခယ္မၿမိဳ႕နယ္အတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ၿပီးပါက ျပႆနာေတြ အေျမာက္အမ်ားတက္ႏိုင္တယ္လို႔ ေျပာပါတယ္။

ဝါးခယ္မၿမိဳ႕နယ္ NLD ဥကၠ႒ရဲ႕ ေထာက္ပံ့ေၾကးကိစၥေတြကို ပါတီဗဟိုက စုံစမ္းစစ္ေဆးဖို႔ လုပ္ေဆာင္ေနၿပီး လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးကလည္း စိတ္မပူစရာမရွိဘူးလို႔ ဝါးခယ္မၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဌးေအာင္က ေျပာပါတယ္။

ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေတြနဲ႔ ပတ္သက္ၿပီး တိုင္ၾကားမႈ တစ္စုံတစ္ရာ မလုပ္ခဲ့ဘူးလို႔လည္း ေျပာပါတယ္။ ဧရာဝတီတိုင္းေဒသႀကီး NLD တိုင္းဥကၠ႒ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ကို အသစ္ျပန္လည္ ဖြဲ႕စည္းသြားမယ္လို႔ ေျပာထားပါတယ္။

ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲနီးကပ္လာခ်ိန္မွာ NLD ပါတီအတြင္း ဒီလိုျဖစ္ရပ္ေတြ ေပၚေပါက္လာတာပါ။ ရန္ကုန္တိုင္း၊  ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စိုး၊  ဒဂုံၿမိဳ႕နယ္က ထင္ရွားတဲ့ လႊတ္ေတာ္အမတ္ေတြျဖစ္တဲ့ ဦးေက်ာ္ေဇယ်၊ ေဒၚသက္သက္ခိုင္တို႔ကို မၾကာေသးခင္က ပါတီတြင္း အေရးယူမႈေတြရွိခဲ့ပါတယ္။ ေဒၚသက္သက္ခိုင္က   NLD ကေန ထြက္လာၿပီးေနာက္မွာ ပါတီသစ္ ထူေထာင္ခဲ့ၿပီးေနာက္ ဦးေက်ာ္ေဇယ်က သူနဲ႔ပူးေပါင္းခဲ့ပါတယ္။

ေအာင္သိခၤ / RFA Burmese
https://www.rfa.org/burmese/news/Wakema-nld-member-suspend-07142020073638.html
ဝါးခယ်မမြို့ NLD အမှုဆောင်အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်ဆိုင်း ဝါးခယ်မမြို့ NLD အမှုဆောင်အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.