အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ဒီကနေ့ NASA လွှတ်တင်မယ်



Share/Bookmark
ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဖလော်ရီဒါပြည်နယ် Cape Canaveral မှာ တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀)
အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ မျိုးဆက်သစ် အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ် Perseverance ကို ဒီကနေ့ ကြာသပတေးနေ့မှာ ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေလွှတ်တင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိ သတ္တဝါတွေ ရှိခဲ့သလားဆိုတာကို ဒီယာဉ်ကို အသုံးပြု စူးစမ်းလေ့လာသွားဖို့ စီစဉ်ထားပါတယ်။ အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ အကုန်ကျခံထားတဲ့ ဒီယာဉ်ငယ်ကို ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၅၀ မှာ လွှတ်တင်မှာဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကို နောက်နှစ် ဖေဖော်ဝါရီလလောက်မှာ ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။
ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဖလော်ရီဒါပြည်နယ် Cape Canaveral မှာ တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀)
ကားတစီး အရွယ်ရှိပြီး ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို Atlas 5 ရော့ကက်ဒုံးပျံနဲ့ ပစ်လွှတ်မှာဖြစ်ပါတယ်။ အဲဒီ ဒုံးပျံကို Boeing နဲ့ Lockheed Martin ကုမ္ပဏီပူးတွဲတည်ထောင်ထားတဲ့ United Launch Alliance ကတည်ဆောက်ထားတာပါ။ ဒီ Perseverance ယာဉ်နဲ့အတူ Ingenuity လို့အမည်ပေးထားတဲ့ ရဟတ်ယာဉ်ငယ်တစီးကို သယ်ဆောင်သွားမှာဖြစ်ပြီး အနာဂါတ်ကာလ အင်္ဂါဂြိုလ်ခရီးစဉ်တွေအတွက် စူးစမ်းလေ့လာမှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ Ingenuity ရဟတ်ယာဉ်ငယ်ကို မြန်မာနွယ်ဖွား အာကာသသိပ္ပံပညာရှင် ဒေါက်တာမီမီအောင် ဦးဆောင်တဲ့အဖွဲ့က ဖန်တီးတည်ဆောက်ထားတာပါ။

ဒီကနေ့ စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ဖို့ ရာသီဥတု အခြေအနေလည်း ၈၀ ရာနှုန်းကောင်းမွန်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို United Arab Emirates နဲ့ တရုတ်နိုင်ငံတို့က တင်လွှတ်ခဲ့တဲ့ အာကာသစူးစမ်းရေးယာဉ်တွေ ပြီးနောက် အခု ဒီ Perseverance က နောက်ဆုံးတင်လွှတ်တဲ့ အာကာသ လေ့လာရေး ယာဉ်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/mars-launch/5523459.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ