Mount Rushmore မှာ သမ္မတ Trump ကန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ


(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံ သမ္မတ ၄ ဦးရဲ့ မျက်နှာပုံတွေထွင်းထားတဲ့ Mount Rushmore ကျောက်တောင်ကြီး ရှိရာ တောင်ဒါကိုတာပြည်နယ် အမျိုးသားဥယျာဉ်မှာ မီးရှုးမီးပန်းတွေနဲ့ ဆယ်နှစ်ကျော် ကာလအတွင်း ပထမဆုံးကျင်းပမယ့် လွတ်လပ်ရေးနေ့ ပွဲတော်ကို တက်ရောက်ဖို့ သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက်နေပါတယ်။

ဒီ ဂရင်းနိုက်ကျောက်တောင်ကြီးပေါ်မှာ အမေရိကန် သမ္မတ လေးဦးဖြစ်တဲ့ George Washington, Thomas Jefferson, Theodore Roosevelt နဲ့ Abraham Lincoln တို့ရဲ့ မျက်နှာပုံတွေ ထွင်းထားတာပါ။

Mount Rushmore တဝိုက် မီးရှုးမီးပန်းလွှတ်တာကနေ တောမီးလောင်မှာ စိုးရိမ်တာကြောင့် အမျိုးသား ဥယျာဉ် ဝန်ဆောင်မှု အဖွဲ့က ၂၀၁၀ က စပြီး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုးသားဥယျာဉ်ဟာ Black Hills အမျိုးသား သစ်တောဌာရဲ့ ဟက်တာ ၅၀၀ နီးပါးရှိတဲ့ သစ်တောမြေထဲမှာ ရှိပါတယ်။

ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ယူထားတဲ့ အဖွဲ့က ဧပြီလထဲမှာ ဆန်းစစ်မှုတွေ လုပ်ခဲ့ပြီး အခုလို မီးရှုးမီးပန်းလွှတ်တာကြောင့် သိသိသာသာ ထိခိုက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။

ခွဲခြားဆက်ဆံမှုအမြင်ရှိသူ ဒါမှမဟုတ် ကျွန်စနစ်ကိုလက်ခံတဲ့ အမေရိကန် ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ရုပ်တုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံတဝှမ်း အခြေအတင်ငြင်းခုံနေကြချိန်မှာပဲ အခုလို အမေရိကန်သမ္မတဟောင်း တွေရဲ့ မျက်နှာတွေကို ထုဆစ်ထားတဲ့ ကျောက်တောင်ဆီ သမ္မတ ထရမ့် ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ခရီးစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံသားတွေ နေအိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းနေချိန်ဖြစ်သလို မေလထဲ အာဖရိကန်အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့တဲ့ နောက်ပိုင်း ခွဲခြားဆက်ဆံမှုမရှိစေဖို့ နိုင်ငံတလွှား ဆန္ဒပြတောင်းဆိုမှု တွေနဲ့အတူ တက္ကသိုလ်တွေ ဒေသအစိုးရတွေက အငြင်းပွါးဖွယ် ရုပ်တုတွေကို ဖယ်ရှားနေချိန်လည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
Mount Rushmore မွာ သမၼတ Trump ကန္ လြတ္လပ္ေရးေန႔ အခမ္းအနားက်င္းပ

အေမရိကန္ႏိုင္ငံ သမၼတ ၄ ဦးရဲ႕ မ်က္ႏွာပုံေတြထြင္းထားတဲ့ Mount Rushmore ေက်ာက္ေတာင္ႀကီး ရွိရာ ေတာင္ဒါကိုတာျပည္နယ္ အမ်ိဳးသားဥယ်ာဥ္မွာ မီးရႈးမီးပန္းေတြနဲ႔ ဆယ္ႏွစ္ေက်ာ္ ကာလအတြင္း ပထမဆုံးက်င္းပမယ့္ လြတ္လပ္ေရးေန႔ ပြဲေတာ္ကို တက္ေရာက္ဖို႔ ေသာၾကာေန႔မွာ သမၼတေဒၚနယ္ထရမ့္ သြားေရာက္ေနပါတယ္။

ဒီ ဂရင္းႏိုက္ေက်ာက္ေတာင္ႀကီးေပၚမွာ အေမရိကန္ သမၼတ ေလးဦးျဖစ္တဲ့ George Washington, Thomas Jefferson, Theodore Roosevelt နဲ႔ Abraham Lincoln တို႔ရဲ႕ မ်က္ႏွာပုံေတြ ထြင္းထားတာပါ။

Mount Rushmore တဝိုက္ မီးရႈးမီးပန္းလႊတ္တာကေန ေတာမီးေလာင္မွာ စိုးရိမ္တာေၾကာင့္ အမ်ိဳးသား ဥယ်ာဥ္ ဝန္ေဆာင္မႈ အဖြဲ႕က ၂၀၁၀ က စၿပီး တားျမစ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအမ်ိဳးသားဥယ်ာဥ္ဟာ Black Hills အမ်ိဳးသား သစ္ေတာဌာရဲ႕ ဟက္တာ ၅၀၀ နီးပါးရွိတဲ့ သစ္ေတာေျမထဲမွာ ရွိပါတယ္။

ဥယ်ာဥ္ထိန္းသိမ္းေစာင့္ေရွာက္ေရး တာဝန္ယူထားတဲ့ အဖြဲ႕က ဧၿပီလထဲမွာ ဆန္းစစ္မႈေတြ လုပ္ခဲ့ၿပီး အခုလို မီးရႈးမီးပန္းလႊတ္တာေၾကာင့္ သိသိသာသာ ထိခိုက္မႈ မရွိႏိုင္ဘူးလို႔ ေျပာပါတယ္။

ခြဲျခားဆက္ဆံမႈအျမင္ရွိသူ ဒါမွမဟုတ္ ကြၽန္စနစ္ကိုလက္ခံတဲ့ အေမရိကန္ ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳတဲ့႐ုပ္တုေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံတဝွမ္း အေျခအတင္ျငင္းခုံေနၾကခ်ိန္မွာပဲ အခုလို အေမရိကန္သမၼတေဟာင္း ေတြရဲ႕ မ်က္ႏွာေတြကို ထုဆစ္ထားတဲ့ ေက်ာက္ေတာင္ဆီ သမၼတ ထရမ့္ ခရီးစဥ္ စတင္ခဲ့တာ ျဖစ္ပါတယ္။

သမၼတရဲ႕ ခရီးစဥ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈထိန္းခ်ဳပ္ႏိုင္ဖို႔ အေမရိကန္ႏိုင္ငံသားေတြ ေနအိမ္ေတြမွာပဲ ေနၾကဖို႔ တိုက္တြန္းေနခ်ိန္ျဖစ္သလို ေမလထဲ အာဖရိကန္အေမရိကန္အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆုံးခဲ့တဲ့ ေနာက္ပိုင္း ခြဲျခားဆက္ဆံမႈမရွိေစဖို႔ ႏိုင္ငံတလႊား ဆႏၵျပေတာင္းဆိုမႈ ေတြနဲ႔အတူ တကၠသိုလ္ေတြ ေဒသအစိုးရေတြက အျငင္းပြါးဖြယ္ ႐ုပ္တုေတြကို ဖယ္ရွားေနခ်ိန္လည္း ျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/mount-gushmore-trump-july-4th-/5488578.html
Mount Rushmore မှာ သမ္မတ Trump ကန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ Mount Rushmore မှာ သမ္မတ Trump ကန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.