ကမ္ဘာတလွှား COVID ကူးစက်ခံ ၁၁ သန်းထဲက ထက်ဝက်ကျော် ပြန်လည် ကျန်းမာလာပြီ

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေး နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇွန် ၂၈၊ ၂၀၂၀)
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ခုချိန်ထိ တကမ္ဘာလုံးမှာ သေဆုံးသူပေါင်း အနည်းဆုံး ၅၃၁,၀၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ AFP သတင်းဌာနက တရားဝင် စုဆောင်းရရှိတဲ့ စာရင်းမှာ ဖော်ပြပါတယ်။

နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာ ၁၁ သန်း ၃ သိန်း ၄ သောင်းကျော် ရှိနေပါပြီ။ အဲဒီထဲကမှ ပြန်လည်သက်သာလာသူ ၆ သန်းနီးပါး ရှိပါတယ်။

စနေနေ့ တရက်တည်းမှာတင် တကမ္ဘာလုံး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၄,၂၀၀ ကျော်ရှိခဲ့ပြီး ကူးစက်မှုအသစ် ၁၈၂,၀၀၀ ကျော်နဲ့ စံချိန်တင်ခဲ့ပါတယ်။ သေဆုံးမှု အများဆုံးကတော့ ဘရာဇီးက ၁,၀၉၁ ယောက်၊ အိန္ဒိယက ၆၁၃ ယောက်နဲ့ မက္ကဆီကိုက ၅၂၃ ယောက် အသီးသီးဖြစ်ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ခုဆိုရင် သေဆုံးသူ ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး ကူးစက်မှုက ၂,၉၀၀,၀၀၀ ဝန်းကျင် ရှိပါတယ်။

အမေရိကန်နိုင်ငံပြီးရင် ကိုဗစ်ကြောင့် ဒုတိယအများဆုံး သေဆုံးတဲ့နိုင်ငံက ဘရာဇီးဖြစ်ပြီး ၆၄,၀၀၀ ကျော်နဲ့ တတိယက ဗြိတိန်နိုင်ငံဖြစ်ကာ သေဆုံးသူ ၄၄,၀၀၀ ကျော်ရှိပါတယ်။ အဲဒီနောက်မှာ အီတလီက ၃၄,၀၀၀ ကျော်၊ မက္ကဆီကိုက ၃၀,၃၀၀ ကျော် အသီးသီးရှိကြပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
ကမာၻတလႊား COVID ကူးစက္ခံ ၁၁ သန္းထဲက ထက္ဝက္ေက်ာ္ ျပန္လည္ က်န္းမာလာၿပီ

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကစလို႔ ခုခ်ိန္ထိ တကမာၻလုံးမွာ ေသဆုံးသူေပါင္း အနည္းဆုံး ၅၃၁,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္တယ္လို႔ AFP သတင္းဌာနက တရားဝင္ စုေဆာင္းရရွိတဲ့ စာရင္းမွာ ေဖာ္ျပပါတယ္။

ႏိုင္ငံေပါင္း ၁၉၆ ႏိုင္ငံမွာ ကိုဗစ္ကူးစက္ခံရတဲ့လူနာ ၁၁ သန္း ၃ သိန္း ၄ ေသာင္းေက်ာ္ ရွိေနပါၿပီ။ အဲဒီထဲကမွ ျပန္လည္သက္သာလာသူ ၆ သန္းနီးပါး ရွိပါတယ္။

စေနေန႔ တရက္တည္းမွာတင္ တကမာၻလုံး ကိုဗစ္ေၾကာင့္ ေသဆုံးသူေပါင္း ၄,၂၀၀ ေက်ာ္ရွိခဲ့ၿပီး ကူးစက္မႈအသစ္ ၁၈၂,၀၀၀ ေက်ာ္နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။ ေသဆုံးမႈ အမ်ားဆုံးကေတာ့ ဘရာဇီးက ၁,၀၉၁ ေယာက္၊ အိႏၵိယက ၆၁၃ ေယာက္နဲ႔ မကၠဆီကိုက ၅၂၃ ေယာက္ အသီးသီးျဖစ္ပါတယ္။

ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ခုဆိုရင္ ေသဆုံးသူ ၁၃၀,၀၀၀ ဝန္းက်င္ရွိၿပီး ကူးစက္မႈက ၂,၉၀၀,၀၀၀ ဝန္းက်င္ ရွိပါတယ္။

အေမရိကန္ႏိုင္ငံၿပီးရင္ ကိုဗစ္ေၾကာင့္ ဒုတိယအမ်ားဆုံး ေသဆုံးတဲ့ႏိုင္ငံက ဘရာဇီးျဖစ္ၿပီး ၆၄,၀၀၀ ေက်ာ္နဲ႔ တတိယက ၿဗိတိန္ႏိုင္ငံျဖစ္ကာ ေသဆုံးသူ ၄၄,၀၀၀ ေက်ာ္ရွိပါတယ္။ အဲဒီေနာက္မွာ အီတလီက ၃၄,၀၀၀ ေက်ာ္၊ မကၠဆီကိုက ၃၀,၃၀၀ ေက်ာ္ အသီးသီးရွိၾကပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/world-covid-recover/5491157.html
ကမ္ဘာတလွှား COVID ကူးစက်ခံ ၁၁ သန်းထဲက ထက်ဝက်ကျော် ပြန်လည် ကျန်းမာလာပြီ ကမ္ဘာတလွှား COVID ကူးစက်ခံ ၁၁ သန်းထဲက ထက်ဝက်ကျော် ပြန်လည် ကျန်းမာလာပြီ Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.