အမေရိကန်မှာ COVID-19 ကာကွယ်ဆေး နွေရာသီအကုန်ထုတ်နိုင်ဖို့ မျှော်မှန်းထား

"COVID-19 ကာကွယ်ဆေး" လို့ တံဆိပ် တပ်ထားတဲ့ ပုလင်းတခုကို အမျိုးသမီးတဦးက ကိုင်ထားတဲ့ မြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅,၇၀၀၀ ကျော်အပါအဝင် ပိုးကူးခံရသူ ၁၃ သန်း ရှိလာချိန်မှာ အမေရိကန်ပြည်ထောင်စုမှာတော့ နွေရာသီအကုန်လောက်မှာ အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်တားမြစ်ချက်တွေ ပြန်ပြီးချမှတ်တာ၊ သီးခြားခွဲနေဖို့ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ လူအချင်းချင်း ခပ်ခွါခွါနေဖို့ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်လာကြပါတယ်။ ဘယ်ကာကွယ်ဆေးက ထိရောက်မလဲဆိုတာ မသေချာသေးပေမဲ့ ဆေးထုတ်လုပ်ရေးလုပ်ငန်း စနေပြီလို့ Trump အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန် CNBC သတင်းဌာနက တနင်္လာနေ့မှာ ကြေငြာသွားတာပါ။

ဆေးထုတ်လုပ်ရေးအတွက် ပစ္စည်းကိရိယာတွေ၊ ဆေးထုတ်လုပ်မယ့် နေရာတွေ၊ ဆေးထုတ်လုပ်ရေး ကုန်ကြမ်းတွေလည်း ရထားပါပြီလို့လည်း အဲဒီအရာရှိကို ကိုးကားပြီး CNBC သတင်းဌာနက ပြောဆိုသွားတာပါ။

Moderna နဲ့ Johnson & Johnson ကုမ္ပဏီတို့က ဒီလကုန်လောက်မှာ အဲဒီကာကွယ်ဆေးတွေကို လူတွေနဲ့ စမ်းသပ်မယ်လို့ ခန့်မှန်းရကြောင်းလည်း CNBC ကပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာမှာပိုးကူးခံရသူ ၃.၄ သန်းကျော်ရှိနေတာပါ။

အခြားကမ္ဘာ့နိုင်ငံတွေထဲမှာ ပိုးကူးခံရသူ ၁,၀၀၀,၀၀၀ ဝန်းကျင်ရှိလာတဲ့ အိန္ဒိယမှာ မနေ့တရက်ထဲ ပိုးကူးခံရသူအသစ် ၂၈,၀၀၀ ကျော်ပါတယ်။ ၄ ရက်အတွင်း ပိုးကူသူသစ် ၁,၀၀၀,၀၀၀ ထိရှိနေတဲ့အတွက် အိန္ဒိယမြို့ကြီးအတော်များများမှာ ကန့်သတ်မှုတွေပြန်ချထားပါတယ်။

တခါ တနင်္လာနေ့မှာ ပိုးကူးသူသစ် ၅၀ ကျေ်ာတွေ့ထားတဲ့ ဟောင်ကောင်မှာလည်း ဒီကနေ့ကစပြီး လူကြားထဲသွားရင် နှာခေါင်းစည်းတပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့သလို မလိုက်နာရင် ဒဏ်ကြေးအဖြစ် အမေကန်ဒေါ်လာ ၆၄၅ ထိပေးဆောင်ရမှာပါ။ ဒါ့အပြင် ဒီကနေ့ပဲ ပိုးကူးခံရသူ အသစ် ၂၇၀ တွေ့ခဲ့တဲ့ သြစတြေးလျနိုင်ငံမှာ မဲလ်ဘုန်းမြို့မှာလည်း သီတင်း ၆ ပတ်ကြာ ကန့်သတ်မိန့်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ COVID-19 ကာကြယ္ေဆး ေႏြရာသီအကုန္ထုတ္ႏိုင္ဖို႔ ေမ ွ်ာ္မွန္းထား

ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆုံးသူ ၅,၇၀၀၀ ေက်ာ္အပါအဝင္ ပိုးကူးခံရသူ ၁၃ သန္း ရွိလာခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေႏြရာသီအကုန္ေလာက္မွာ အလားအလာရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စတင္ထုတ္လုပ္ႏိုင္ဖို႔ေမ ွ်ာ္မွန္းထားတယ္လို႔ ေျပာပါတယ္။

ကပ္ေရာဂါထိန္းခ်ဳပ္ေရး ကန႔္သတ္တားျမစ္ခ်က္ေတြ ျပန္ၿပီးခ်မွတ္တာ၊ သီးျခားခြဲေနဖို႔ တင္းၾကပ္တဲ့ စည္းကမ္းေတြနဲ႔ လူအခ်င္းခ်င္း ခပ္ခြါခြါေနဖို႔ ၫႊန္ၾကားခ်က္ေတြလည္း ထုတ္ျပန္လာၾကပါတယ္။ ဘယ္ကာကြယ္ေဆးက ထိေရာက္မလဲဆိုတာ မေသခ်ာေသးေပမဲ့ ေဆးထုတ္လုပ္ေရးလုပ္ငန္း စေနၿပီလို႔ Trump အစိုးရအဖြဲ႕ အဆင့္ျမင့္တာဝန္ရွိသူတဦးရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး အေမရိကန္ CNBC သတင္းဌာနက တနလၤာေန႔မွာ ေၾကျငာသြားတာပါ။

ေဆးထုတ္လုပ္ေရးအတြက္ ပစၥည္းကိရိယာေတြ၊ ေဆးထုတ္လုပ္မယ့္ ေနရာေတြ၊ ေဆးထုတ္လုပ္ေရး ကုန္ၾကမ္းေတြလည္း ရထားပါၿပီလို႔လည္း အဲဒီအရာရွိကို ကိုးကားၿပီး CNBC သတင္းဌာနက ေျပာဆိုသြားတာပါ။

Moderna နဲ႔ Johnson & Johnson ကုမၸဏီတို႔က ဒီလကုန္ေလာက္မွာ အဲဒီကာကြယ္ေဆးေတြကို လူေတြနဲ႔ စမ္းသပ္မယ္လို႔ ခန႔္မွန္းရေၾကာင္းလည္း CNBC ကေျပာပါတယ္။ အေမရိကန္ဟာ ကမာၻမွာပိုးကူးခံရသူ ၃.၄ သန္းေက်ာ္ရွိေနတာပါ။

အျခားကမာၻ႔ႏိုင္ငံေတြထဲမွာ ပိုးကူးခံရသူ ၁,၀၀၀,၀၀၀ ဝန္းက်င္ရွိလာတဲ့ အိႏၵိယမွာ မေန႔တရက္ထဲ ပိုးကူးခံရသူအသစ္ ၂၈,၀၀၀ ေက်ာ္ပါတယ္။ ၄ ရက္အတြင္း ပိုးကူသူသစ္ ၁,၀၀၀,၀၀၀ ထိရွိေနတဲ့အတြက္ အိႏၵိယၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ ကန႔္သတ္မႈေတြျပန္ခ်ထားပါတယ္။

တခါ တနလၤာေန႔မွာ ပိုးကူးသူသစ္ ၅၀ ေက်္ာေတြ႕ထားတဲ့ ေဟာင္ေကာင္မွာလည္း ဒီကေန႔ကစၿပီး လူၾကားထဲသြားရင္ ႏွာေခါင္းစည္းတပ္ဖို႔ အမိန႔္ထုတ္ျပန္ခဲ့သလို မလိုက္နာရင္ ဒဏ္ေၾကးအျဖစ္ အေမကန္ေဒၚလာ ၆၄၅ ထိေပးေဆာင္ရမွာပါ။ ဒါ့အျပင္ ဒီကေန႔ပဲ ပိုးကူးခံရသူ အသစ္ ၂၇၀ ေတြ႕ခဲ့တဲ့ ၾသစေၾတးလ်ႏိုင္ငံမွာ မဲလ္ဘုန္းၿမိဳ႕မွာလည္း သီတင္း ၆ ပတ္ၾကာ ကန႔္သတ္မိန႔္ေတြ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-main/5502134.html
အမေရိကန်မှာ COVID-19 ကာကွယ်ဆေး နွေရာသီအကုန်ထုတ်နိုင်ဖို့ မျှော်မှန်းထား အမေရိကန်မှာ COVID-19 ကာကွယ်ဆေး နွေရာသီအကုန်ထုတ်နိုင်ဖို့ မျှော်မှန်းထား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.