မြန်မာ COVID-19 ကာကွယ်တိုက်ဖျက်ရေး ဒေါ်လာ ၁.၉၅ သန်း ကန်ထပ်မံကူညီမည်

လှိုင်တက္ကသိုလ်က Quarantine နေရာတခုမှာ COVID 19 ရှိ၊ မရှိ စစ်ဆေးဖို့ ပြင်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၁.၉၅ သန်း အကူအညီပေးမယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဒီကနေ့ပြောပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန (CDC) က တဆင့်ပေးမယ့် ဒီအကူအညီနဲ့ဆိုရင် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ၂၀၂၀၊ ဖေဖော်ဝါရီလကစလို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ပေးတဲ့အကူအညီ စုစုပေါင်း ဒေါ်လာ ၁၈.၅ သန်းရှိသွားပြီလို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ဂျ် ဆစ်ဘလီက ပြောတဲ့အကြောင်း သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီ (USAID) ရဲ့ ဌာနေညွှန်ကြားရေးမှူး Teresa McGhie ကလည်း "COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အမေရိကန် အကူအညီတွေကနေပြီး သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေအတွက် တိုက်ရိုက်အကျိုးရှိစေပါတယ်၊ ဒီအကူအညီတွေကနေ IDP စခန်းတွေက ချို့တဲ့သူတွေနဲ့ ထိခိုက်ခံစားရ လွယ်တဲ့သူတွေ၊ ပြည်တွင်း နေရပ်စွန့်ခွာနေရသူတွေ၊ တိုင်းရင်းသားပြည်သူတွေ၊ ပဋိပက္ခ ဘေးသင့်အရပ်က ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ရေနဲ့ သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေ၊ လူမှုရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုတွေ ရောက်ရှိစေဖို့ အထူး အာရုံစိုက်ပါတယ်။” လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-usaid/5512897.html
မြန်မာ COVID-19 ကာကွယ်တိုက်ဖျက်ရေး ဒေါ်လာ ၁.၉၅ သန်း ကန်ထပ်မံကူညီမည် မြန်မာ COVID-19 ကာကွယ်တိုက်ဖျက်ရေး ဒေါ်လာ ၁.၉၅ သန်း ကန်ထပ်မံကူညီမည် Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.